Skip to main content

Posts

ITIL vs DevOps: What is Best for your organization?

 The key is to recognize that ITIL and DevOps are not mutually exclusive. Combing ITIL's structured process with DevOps' collaborative and agile practices can lead to improved service quality, faster feature deployment, reduced risks, and greater flexibility. Integrating both can help manage complex IT environments more efficiently and respond quickly to business chages. -Zsuzsanna Borovski Learn more at  https://itilmyanmar.blogspot.com/

လေမုန်တိုင်းမိသလို

  ေလာကကြီးမှာ လှပ တင့်တယ်တာကလေးတွေကို သာ အမြဲတမ်းကြည့်ပြီး မျက်စီစသော က္ကန္ဒြေတွေကို မစောင့်စည်းဘူး၊ အစားအစာကိုလည်း အတိုင်းအရှည် ပမာဏကို မသိဘူး၊ အပျင်းကလဲ ထူတယ်၊ လုံ့လ ဝီရိယလဲ  မရှိဘူး၊ အဲဒီလို လူမျိုးကို လေမုန်တိုင်းသည် အားနည်းသော သစ်ပင်ကို အမြစ်ကလှန်ပြီး လှဲလိုက်သလို ကိလေသမာန် ကိုယ်တွင်း ရန်သည် နှိပ်စက် ဖျက်ဆီးလေသည်။

ပျက်အစဉ် ပြင်ခဏ

  လူမိုက်များသည် ဘယ်လိုပင် မိုက်မဲဆိုးတေ နေစေကာမှု၊ ငါဟာ မိုက်မဲဆိုးနေပါကလားလို့ သိမယ် (Knowing)၊ သတိတရား (Awareness) ရလာမယ်ဆိုရင် ပညာရှိ ဖြစ်နိုင်သေးတယ်။ လူမိုက်များသည် ကမ်းကုန်အောင် မိုက်မဲဆိုးတေနေ ပါလျက်၊ မိမိကိုယ်ကို လူလိမ်မာကြီး, ပညာရှိကြီး, လူကောင်းကြီး ထင်နေမယ် ဆိုရင်တော့ လူမိုက်စစ်စစ် ဖြစ်သည်၊ ဘယ်သောအခါမှ မိုက်လက်စမဆုံး မိုက်တွင်း ထဲက မထွက်နိုင်တော့။ မှတ်ချက်။ လူတိုင်း အနေဖြင့် မဆိုလိုပါ။ စာပေရေးသား၊ အတွေးအခေါ် သက်သက်သာ ဖြစ်ပါသည်။ 2024/July/31 www.nyanlinhtet.name

Spot the Difference?

Spot the Difference? Cyber Security Awareness Always double-check the websites and links you click ⚠️ Tips to avoid clicking suspicious links  1. Never click on suspicious links or download attachments. 2. Check who sent the email and to whom. 3. Look for the grammatical mistakes in emails. 4. Check the email content.  5. Beware of the subject line. 6. Be careful when providing personal information. 7. Keep your operating systems, browsers, and antivirus up to date. 8. Always report suspicious activity to your Cybersecurity Team. 9. Cybersecurity awareness training for all employees. #cybersecurity #security #cybersecurityawareness #securityawareness #emails #emailsecurity #phishing #phishingattacks #infosec #infosecurity #ethicalhackers #ethicalhacking https://www.nyanlinhtet.name/2023/01/technical-links-from-me.html Publication Note https://www.nyanlinhtet.name/p/publications.html

ဗုဒ္ဓဝါဒ

                 ဒုက္ခသစ္စာတရားဆိုတာ တဏှာ, သမုဒယသစ္စာကို အကြောင်းရင်းခံတယ်၊ တဏှာသမုဒယလျှင် အမွန်အစရှိတယ်။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါးတို့၏ ချုပ်ရာ ချုပ်ကြောင်း ဖြစ်တဲ့ မဂ္ဂသစ္စာ ကိုလည်း ငါတို့ဆရာမြတ်စွာဘုရားက ဟောကြားတော်မူတယ်။          တရားအားလုံးကို ချုပ်ဆုံးရာ အမှန်နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကိုလဲ ေဟာကြားတော်မူတယ်။ ငါတို့ဆရာ မြတ်စွာဘုရားဟာ ဤသို့သော အယူဝါဒ ရှိတော်မူတယ်။                                   -အရှင်အဿဇိ

စိတ် (၁)

 စိတ်ဆိုတာ အဝေးမှာရှိနေတဲ့ အာရုံတွေဆီကိုလဲ ပြေးသွားတတ်သည်၊ တခုပြီး တခု အပြောင်းအလဲ မြန်ဆန်လွန်းသည်၊ အကောင်အထည်ကလဲ မရှိ၊ နှလုံးသားဆိုတဲ့ ဥမင်လိုဏ်ခေါင်း ကလေးထဲမှာ အမှီပြု၍ ေနသည်၊ ဤစိတ်ကို လုံခြုံအောင် စောင့်ရှောက် ထိန်းသိမ်းထားသူများသည် မာရ်နတ်မင်း ေကြာ့ကွင်း ဆိုတဲ့ ဆင်းရဲတွင်းမှ လွတ်ထွက်နိုင်လေသည်။ တွယ်တာစိတ် နှိမ်နင်းရန်ခဲယဥ်းသည်၊ အဖြစ်အပျက် မြန်ဆန်သည်၊ မျိုးနွယ် နိမ့်မြင့် သင့်မသင့်ကို မချင့်ချိန်နိုင်၊ ေတွ့မိတွေ့ရာ ကာမဂုဏ်၌ တွယ်တာ တပ်မက်သော စိတ်ကလေးကို နိုင်နင်းအောင်မြင်အောင်ဆုံးမခြင်းသည် အလွန်ကောင်းမြတ်ပေသည်၊ ဆုံးမ၍ ယဥ်ကျေးသောစိတ်သည် ချမ်းသာကို ဆောင်တတ်၏။

Open Mind

စိတ်ပွင့်လင်းစေခြင်းကို အင်္ဂလိပ်လို့ (Open Mind) ဟုခေါ်ပါတယ်။  ဆန္ဒပွင့်လင်းဖြစ်ထွန်းခြင်း (Open will) လို့ ေခါ်ပါမယ်။  ဒီနေရာ မှာ ကျွန်တော် စာရေးသားလိုသည့်က စိတ်ပွင့်လင်းစေခြင်း ဆိုတာ ဘာလဲ။ (Open mind) စိတ်ပွင့်လင်းသည့်က လူတွေဟာ တကယ့် ပကတိလောက ထဲ လူထဲမှာ အလုပ်လုပ်ဖို့ပဲ။ စိတ် အလုပ်လုပ်တာက လေထီးလိုပဲ ဆိုတဲ့ ဆိုစကားကို ကြားဖူးမှာပေါ့။ လေထီးက ပွင့်မှ အလုပ်လုပ်တာကိုး။ စိတ်ကလည်း ဒီအတိုင်းပဲ ပွင့်သွားမှ ကောင်းတာ...။ Learn more about mind (စိတ်) https://www.nyanlinhtet.name/2024/07/blog-post_22.html မှတ်ချက်။  ကိုတာ၏ စာအုပ်မှ စာစုများ ဖြည့်စွတ် ကိုးကား ကောက်နုတ်ရေးသားထားပါသည်။ စာ‌ဖတ်သူ မြန်မာများ အတွက် မြန်မာပြန်တင်ဆက်ခြင်းဖြစ်ပါသည်။  နားလည်မှုများ၊ မူပိုင်ခွင့်များ နှင့် အခြားအကြောင်းရာများ အတွက် ဆက်သွယ်လိုလျှင်  nyanlinhtetpublic@gmail.com  သို့ ဆက်သွယ်နိုင်ပါသည်။ Image credit www.nyanlinhtet.name Notice https://www.nyanlinhtet.name/p/publications.html https://www.nyanlinhtet.name/p/resum.html