Skip to main content

Posts

မြန်မာနိုင်ငံ အင်တာနက်ကမ္ဘာ လုံခြုံမှု အခြေအနေ Update! (User-Version)

မြန်မာနိုင်ငံ အင်တာနက်ကမ္ဘာ လုံခြုံမှု အခြေအနေ Update! (User-Version)      မြန်မာနိုင်ငံ အတွင်း ကျရောက်နေသော Cyber လုံခြုံရေး အခြေအနေသည့် Ransoware (မိမိ Data များကို encrypt ဝှက်စာ လုပ်၍ ငွေကြေး တောင်းသည့် အဖျောက်အမှောင့်) ဟုခေါ်သည့် အန္တရာယ် ကျရောက်မှု အနည်းဆုံးဖြစ်နေပါတယ်။ Banking Sector တွင် Trojans (သူလျှို software အန္တရာယ်) ရှိနေပါတယ်။ အများဆုံး လုံခြုံရေး ဆိုင်ရာ စိုးရိမ်ရသည့် နေရာမှာ နေစဉ့် သုံးစွဲနေသည့် Mobile Device များ တွင် (%)ရာခိုင်နှုန်း အများဆုံး ဖြစ်နေပါတယ်။ Phot o Credit to UCSY Teachers Data source from Check-point Learn more about me @  www.nyanlinhtet.name

Video Conferencing သုံးစွဲသူများအတွက် ဆောင်ရန်ရှောင်ရန်များ

အတွေးမြင်စာစုများ(၁)

"ယောနိသောမနသိကာရ"

"ယောနိသောမနသိကာရ"ဆိုတာ "ဝေဖန်သူနှင့် ‌ဝေဖန်ခံရသူ" နှစ်ဉီးစလုံးအကောင်းမြင်ဝါဒ နဲ့ ဆန်းစစ်ဝေဖန်ပြီး တိုးတက်မှုတွေ ဖွဲ့ယှက်နေလျက်ပေါ့ "ယောနိသောမနသိကာရ" သူ့အကြောင်းသူ့အကျိုးနှလုံးသွင်းလိုက်ရတာမျိုးတွေရှိပါတယ်။ တချို့လောကီရေးရာတွေမှာဆိုလျှင် မိမိအတ္တ၊ မာန်မာနကိုရှေ့တန်းတင်ပြီဂဆရာကြီးလေသံမျိုးနှင့် စိတ်ထင်ရာဝေဖန်တတ်ကြတယ်။ ကိုယ့်ကိစ္စမဟုတ်တာကို ကိုယ့် ကိစ္စအသွင်ဆောင်ကာဝေဖန်မှုပြုကြ‌‌‌နေကြတယ်

Contribution to UCSY

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တို့ ပူးပေါင်း၍ ယနေ့ ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် MCPA Day အခမ်းအနားကို နံနက် (၉:၃၀) နာရီမှ စတင်၍ နေ့လယ် (၂:၃၀) နာရီ အထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် နဝမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ဗဟုသုတရပြီး အကျိုးရှိစေနိုင်မည့် Panel Discussion များနှင့် Workshop များလည်း ပါဝင်ပြုလုပ်ခဲ့ပြီး MCPA Day ၏ Career Fair တွင် Being (Myanmar) Co., Ltd, CNSA Myanmar Co., Ltd, Global Technology Group, KMD, Myanmar DCR Co., Ltd, Myanmar Information Technology Pte Ltd,  NTT Data Myanmar Co., Ltd, STI Myanmar University, Talent Nest Co., Ltd, Yangon Japanese Language School စုစုပေါင်း ကုမ္ပဏီ (၁၀) ခု တို့မှ ပါဝင်ပူးပေါင်းခဲ့ပါသည်။ ထို့အပြင် Contribution Partner အဖြစ် Yathar Cho Industry Ltd (Yum Yum) က ကူညီပံ့ပိုးပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ #MCPADAY2020 #MCPAYGN

MCPA High School Seminar (၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အ.ထ.က (၆)၊ သာကေတမြို့နယ်)

သာကေတ မြို့နယ် (အ.ထ.က-၆) သို့ သတင်းအချက်အလက်နည်းပညာ ကို ကောင်းမွန်စွာ အသုံးချပြီး မည့်သို့ အသက်မွေးနိုင်ကြောင်း သားငယ်သမီးများအတွက် ကြိုးစားဟောပြောခဲ့ပါတယ် ပြောဆိုနေစဉ်အတွင်း လျှပ်စစ်မီးကြာမြှင့်စွာပျက်တောက်ခဲ့ပါတယ်။ "မီးပျက်တာ ဒို့ မ မူပါ" ကြိုတင်ပြင်ဆင်ထားပြီး အလွတ်သဘော ဟောပြောခဲ့ပါတယ် www.nyanlinhtet.name Source:  https://www.facebook.com/yrcpa/photos/pcb.2405697859535107/2405696669535226/?type=3&theater ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (MCPA-YANGON) မှ အခြေခံပညာအထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာကို အကျိုးရှိရှိအသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ သိကောင်းစရာများ၊ ICT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သိကောင်းစရာများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး MCPA High School Seminar ကို ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှ စတင်၍ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်အထိ ကျောင်းပေါင်း (၉၆) ကျောင်းသို့ သွားရောက် ဟောပြောခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း နည်းပညာကော်မတီ (၂) ဥက္ကဋ္ဌ ဦးဉာဏ

Practical Server Virtualisation | Batch (15)

02/02/2020 မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ ICT Lab အခန်းတွင် လက်တွေ့ လေ့ကျင်ပေးသည့် Server Virtualization (Road to Software Defined Data Center) သင်ခန်းစာ ပြီးဆုံးပါပြီ။ MCPA အသိအမှတ်ပြုနာရီ (၃၀) ရရှိပြီ ကျောင်းသား အဆင့် (နာရီ၁၂၀)အသင်းဝင် ဖြစ်ခွင့် တွင်ထည့်သွင်းစဥ်းစားပေးနိုင်မည်။ ဤအသိအမှတ်ပြု လတ်မှတ်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင် တွင် တင်ပြ ပေးနိုင်သလို သင်ကြားပေးထားသည့်ဆရာမှ တာဝန်ယူ ပြီး (၃၀)နာရီစာ လေ့ကျင့်ထားသည့် ပညာရှင်တစ်ယောက် ဟုတာဝန်ယူပါတယ် ဒီနေ့အတွက်Batch(15)ပြီး ဆုံးပြီ။ သင်တန်းသား ပညာရှင် (၈၀)ယောက် လေ့ကျင့်ပေးပြီဖြစ်ပါတယ်.. ဤအစီစဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်သူများတစ်ယောက်စီ အသိအမှတ်ပြု ကျေးဇူးတင်ပါတယ် ဆက်လက်၍ကြိုးစားပါအုံးမည်... -Nyan www.nyanlinhtet.name