IAEA ၏ စာချုပ်ဝင်နိုင်ငံဖြစ်လာသည့် မြန်မာ အုပ်ချုပ်မှုအဖွဲ့အစည်းဝေးသို့တက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အုပ်ချုပ်မှုအဖွဲ့(Board of Governors) အစည်းအဝေးအား မတ် ၆ ရက်မှ ၁၀ ရက်အထိ Vienna International Centre ၌ကျင်းပခဲ့ရာ ဩစတြီးယားနိုင်ငံ၊ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းက ထိုအစည်းအဝေးသို့တက်ရောက်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံမှ IAEA ၏ နျူကလီးယား အသုံးပြုမှု ဘေးကင်းလုံခြုံရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ဆောင်ရွက်ချက်များကို အစဉ်ထောက်ခံကာ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက Convention on Assistance in the Case of a Nuclear Accident or Radiological Emergency (the Assistance Convention)၌ အတည်ပြုပါဝင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၃ ရက်တွင် စာချုပ်ဝင်နိုင်ငံအဖြစ် စတင်အသက်ဝင်ခဲ့ပြီး အေဂျင်စီ၏ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှတဆင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသည့် နည်းပညာနှင့်စွမ်းဆောင်ရည်မြင့်...