Skip to main content

Posts

Showing posts with the label National Day

ကိုးဦးဇာနည် ဘာမထီ (အကြွေစောတဲ့ သည်အဖြစ်)

 ကိုးဦးဇာနည် ဘာမထီ ဇူလိုင် ၁၉ မိုးစနေ ပန်းကိုးပွင့်ကို ခြွေ အကြွေစောတဲ့ သည်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း တစ် နှစ် နဲ့ သုံး ကို မှတ်စေလို သခင်မြ နဲ့  ဦးဘချို ဦးဘဝင်းကို လေးမှာထား မန်းဘခိုင်က ငါး။ မိုင်းပွန်စော်ဘွား ခြောက်ပေါ့ဗျာ စဝ်စံထွန်းမှတ်ပါ။ နံပါတ် ခုနစ် မှာ ဦးရာဇတ် ဦးအုန်းမောင် ရှစ်မှတ်။ ကိုးနံပါတ်ကို လက်ချိုးသော် ရဲဘော်ကိုထွေးခေါ် တိုင်းကျော် ပြည်ကျော် ဇာနည်ဘွား တကယ့်လူစွန့်စား။ credit to rightful owner,

အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်း

  သမိုင်းကြောင်း  Occurring on the 10th day following the full moon of  Tazaungmon အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံသားတိုင်းလိုလို သိပြီးဖြစ်ကြပါသည်။ အမျိုးသားနေ့အကြောင်းကို ကျောင်းသားဘဝကပင် သင်ကြားခဲ့ကြရသည်။ အမျိုးသားနေ့ဟု ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း စသည့်ဖြစ်စဉ်တို့နှင့် တွဲလျက် သိရှိခဲ့ရသည်။  ဝံသာနုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကြီးက ဝံသာနုလှုပ်ရှားမှုအနေဖြင့် အမျိုးသားနေ့သတ်မှတ်ရန် စတင်ကြိုးပမ်းခဲ့ရာမှ အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ပါသည်။ အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အမျိုးသားရေးစိတ်ဓာတ်များ တိုးမြင့်လာစေရန်ဖြစ်ပါသည်။ ထိုစဉ်ကာလက မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်ကျရောက်နေစဉ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးရရှိရန်အတွက် တစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ လိုအပ်နေသည့် အချိန်ဖြစ်ပါသည်။   ထိုသို့သော အချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်တို့အား ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါသည်။ ယင်းသို့ သပိတ်မှော