Skip to main content

Posts

Showing posts with the label High School Seminar

အ.ထ.က (၅) မင်္ဂလာဒုံ ကျောင်းသို့

 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေးဟောပြောပွဲကို အ.ထ.က (၅) မင်္ဂလာဒုံ ကျောင်းသို့ ယနေ့ (၁၀-၁၁-၂၀၁၇) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အသင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးဉာဏ်လင်းထက်က ICT နည်းပညာကို အကျိုးရှိရှိအသုံးချခြင်း၊ ထိထိမိမိအသုံးချခြင်း၊ လုံခြုံရေးသိကောင်းစရာများနှင့် လိုအပ်သည့် ပြင်ဆင်မှုများ ခေါင်းစဥ်ဖြင့် နံနက်(၉) နာရီမှ (၁၀း၃၀) နာရီအထိ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ Source: MCPA-Yangon #YRCPA