Skip to main content

Posts

Showing posts with the label Buddha

The three trainings or practices (Buddha)

 The three trainings or practices  These three consist of:  1. Sila: Virtue, good conduct, morality. This is based on two fundamental principles: The principle of equality: that all living entities are equal. The principle of reciprocity: This is the "Golden Rule" in Christianity - to do unto others as you would wish them to do unto you. It is found in all major religions.  2. Samadhi: Concentration, meditation, mental development. Developing one's mind is the path to wisdom which, in turn, leads to personal freedom. Mental development also strengthens and controls our mind; this helps us maintain good conduct.  3. Prajna: Discernment, insight, wisdom, enlightenment. This is the real heart of Buddhism. Wisdom will emerge if your mind is pure and calm. Remark: မှတ်ချက်။   စာစုများ ဖြည့်စွတ် ကိုးကား ကောက်နုတ်ရေးသားထားပါသည်။ စာ‌ဖတ်သူ မြန်မာများ အတွက် မြန်မာပြန်တင်ဆက်ခြင်းဖြစ်ပါသည်။  နားလည်မှုများ၊ မူပိုင်ခွင့်များ နှင့် အခြားအကြောင်းရာများ အတွက် ဆက်သွယ်လိုလျှင်  nyanlinhtetp

လေမုန်တိုင်းမိသလို

  ေလာကကြီးမှာ လှပ တင့်တယ်တာကလေးတွေကို သာ အမြဲတမ်းကြည့်ပြီး မျက်စီစသော က္ကန္ဒြေတွေကို မစောင့်စည်းဘူး၊ အစားအစာကိုလည်း အတိုင်းအရှည် ပမာဏကို မသိဘူး၊ အပျင်းကလဲ ထူတယ်၊ လုံ့လ ဝီရိယလဲ  မရှိဘူး၊ အဲဒီလို လူမျိုးကို လေမုန်တိုင်းသည် အားနည်းသော သစ်ပင်ကို အမြစ်ကလှန်ပြီး လှဲလိုက်သလို ကိလေသမာန် ကိုယ်တွင်း ရန်သည် နှိပ်စက် ဖျက်ဆီးလေသည်။

ပျက်အစဉ် ပြင်ခဏ

  လူမိုက်များသည် ဘယ်လိုပင် မိုက်မဲဆိုးတေ နေစေကာမှု၊ ငါဟာ မိုက်မဲဆိုးနေပါကလားလို့ သိမယ် (Knowing)၊ သတိတရား (Awareness) ရလာမယ်ဆိုရင် ပညာရှိ ဖြစ်နိုင်သေးတယ်။ လူမိုက်များသည် ကမ်းကုန်အောင် မိုက်မဲဆိုးတေနေ ပါလျက်၊ မိမိကိုယ်ကို လူလိမ်မာကြီး, ပညာရှိကြီး, လူကောင်းကြီး ထင်နေမယ် ဆိုရင်တော့ လူမိုက်စစ်စစ် ဖြစ်သည်၊ ဘယ်သောအခါမှ မိုက်လက်စမဆုံး မိုက်တွင်း ထဲက မထွက်နိုင်တော့။ မှတ်ချက်။ လူတိုင်း အနေဖြင့် မဆိုလိုပါ။ စာပေရေးသား၊ အတွေးအခေါ် သက်သက်သာ ဖြစ်ပါသည်။ 2024/July/31 www.nyanlinhtet.name

ဗုဒ္ဓဝါဒ

                 ဒုက္ခသစ္စာတရားဆိုတာ တဏှာ, သမုဒယသစ္စာကို အကြောင်းရင်းခံတယ်၊ တဏှာသမုဒယလျှင် အမွန်အစရှိတယ်။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါးတို့၏ ချုပ်ရာ ချုပ်ကြောင်း ဖြစ်တဲ့ မဂ္ဂသစ္စာ ကိုလည်း ငါတို့ဆရာမြတ်စွာဘုရားက ဟောကြားတော်မူတယ်။          တရားအားလုံးကို ချုပ်ဆုံးရာ အမှန်နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကိုလဲ ေဟာကြားတော်မူတယ်။ ငါတို့ဆရာ မြတ်စွာဘုရားဟာ ဤသို့သော အယူဝါဒ ရှိတော်မူတယ်။                                   -အရှင်အဿဇိ

စိတ် (၁)

 စိတ်ဆိုတာ အဝေးမှာရှိနေတဲ့ အာရုံတွေဆီကိုလဲ ပြေးသွားတတ်သည်၊ တခုပြီး တခု အပြောင်းအလဲ မြန်ဆန်လွန်းသည်၊ အကောင်အထည်ကလဲ မရှိ၊ နှလုံးသားဆိုတဲ့ ဥမင်လိုဏ်ခေါင်း ကလေးထဲမှာ အမှီပြု၍ ေနသည်၊ ဤစိတ်ကို လုံခြုံအောင် စောင့်ရှောက် ထိန်းသိမ်းထားသူများသည် မာရ်နတ်မင်း ေကြာ့ကွင်း ဆိုတဲ့ ဆင်းရဲတွင်းမှ လွတ်ထွက်နိုင်လေသည်။ တွယ်တာစိတ် နှိမ်နင်းရန်ခဲယဥ်းသည်၊ အဖြစ်အပျက် မြန်ဆန်သည်၊ မျိုးနွယ် နိမ့်မြင့် သင့်မသင့်ကို မချင့်ချိန်နိုင်၊ ေတွ့မိတွေ့ရာ ကာမဂုဏ်၌ တွယ်တာ တပ်မက်သော စိတ်ကလေးကို နိုင်နင်းအောင်မြင်အောင်ဆုံးမခြင်းသည် အလွန်ကောင်းမြတ်ပေသည်၊ ဆုံးမ၍ ယဥ်ကျေးသောစိတ်သည် ချမ်းသာကို ဆောင်တတ်၏။

ပဌာန်း အဓိပ္ပါယ် အမှားတွေ Share လုပ်နေကြတဲ့သူတွေ သိစေဖို့

 ပဌာန်း အဓိပ္ပါယ် အမှားတွေ Share လုပ်နေကြတဲ့သူတွေ သိစေဖို့ Credit:::::::: လောကမှာ ••• အမှားခံလို့ လုံးဝမရတာ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဓမ္မတရားတွေပဲ ဖြစ်ပါတယ် ... ဆရာတင် မှားရင် တစ်သံသရာလုံး မှောက် ဆိုတဲ့ စကားလည်း ရှိပါတယ်။ ပဋ္ဌာန်း ( ၂၄ ) ပစ္စည်း #မြန်မာပြန်အမှား ××××× ××××× ××××× လူမှုကွန်ရက် ( Facebook ) ၏ Page တစ်ခုနှင့် FB သုံးစွဲသူ Acc အတော် များများသည် - ``ပဋ္ဌာန်း(၂၄)ပစ္စည်း´´ကို ( #လွဲမှားစွာ ) ၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။ ၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက် မှောက် ပြုရပါစေသား။ ၃။ အဓိပတိပစ္စယော = ရုပ်၊ နာမ်နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်းနိုင်ရပါစေသား။ ၄။ အနန္တရပစ္စယော = များလှစွာသောကုသိုလ်တရားကို မျက် မှောက် ပြုရပါစေသား။ ၅။ သမနန္တရပစ္စယော = ရုပ် နှင့် နာမ် အတူရှိသော တရားတို့ကို မျက် မှောက် ပြုရပါစေသား။ - စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ "မတန်မရာ" ရေးသား၍ ဖြန့်ဝေနေကြ, Share နေကြသည်ကို တွေ့လိုက်ရပါသည်။ "ပဋ္ဌာန်း" ရွတ်လျှင် - "ဘေးအန္တရာယ်ကင်းသည်၊ ဘုန်းကြီးသည်၊ ကုသိုလ်ရသည်"ဟုသာ သာမန်မျ

အနန္တငါးပါးအား ရှိခိုးခြင်း

  နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အနန္တငါးပါးအား ရှိခိုးခြင်း ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ၊ အနန္တော အနန္တ ငါးပါးတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။