စိတ်ဆိုတာ အဝေးမှာရှိနေတဲ့ အာရုံတွေဆီကိုလဲ ပြေးသွားတတ်သည်၊ တခုပြီး တခု အပြောင်းအလဲ မြန်ဆန်လွန်းသည်၊ အကောင်အထည်ကလဲ မရှိ၊ နှလုံးသားဆိုတဲ့ ဥမင်လိုဏ်ခေါင်း ကလေးထဲမှာ အမှီပြု၍ ေနသည်၊ ဤစိတ်ကို လုံခြုံအောင် စောင့်ရှောက် ထိန်းသိမ်းထားသူများသည် မာရ်နတ်မင်း ေကြာ့ကွင်း ဆိုတဲ့ ဆင်းရဲတွင်းမှ လွတ်ထွက်နိုင်လေသည်။
တွယ်တာစိတ်
နှိမ်နင်းရန်ခဲယဥ်းသည်၊ အဖြစ်အပျက် မြန်ဆန်သည်၊ မျိုးနွယ် နိမ့်မြင့် သင့်မသင့်ကို မချင့်ချိန်နိုင်၊ ေတွ့မိတွေ့ရာ ကာမဂုဏ်၌ တွယ်တာ တပ်မက်သော စိတ်ကလေးကို နိုင်နင်းအောင်မြင်အောင်ဆုံးမခြင်းသည် အလွန်ကောင်းမြတ်ပေသည်၊ ဆုံးမ၍ ယဥ်ကျေးသောစိတ်သည် ချမ်းသာကို ဆောင်တတ်၏။
Comments
Post a Comment