Skip to main content

တွေးခေါ်ရှင်တစ်ဦးအဖြစ်သို့ ‌‌ဒေ့းကာ့ရောက်ရှိလာခြင်း

 တွေးခေါ်ရှင်တစ်ဦးအဖြစ်သို့ ‌‌ဒေ့းကာ့ရောက်ရှိလာခြင်း မှာ

    စနစ်တကျတွေးခေါ် တတ်သော သူ၏ အရည်အချင်းကြောင့်ဖြစ်သည်။

သူငယ်စဥ်ဘဝ ကပင် လေ့ကျင့်ခဲ့သည် ဆို၏။ သူ အသုံးပြုသည့်နည်းတွင် အဆင့် (၄) ဆင့်ပါသည်။

  1. အကြောင်း ရပ်တစ်ခုရဲ့ မှန်ကန်မှုကို ရှင်းရှင်းလင်းလင်း မသိရင် မယုံပါနဲ့။
  2. ပြဿာနာတိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
  3. ပြဿနာဖြေရှင်းရာမှာ နားလည်ဖို့ လွယ်ကူပြီး အရှင်းဆုံး အပိုင်းမှ စတင်ပါ။
  4. ပြဿနာရဲ့ အစိတ်အပိုင်းများကို တွေးခေါ််ဖော်ပြတဲ့ အခါ ပြည့်စုံပါစေ။ ကျန်ရစ်မှု မရှိပါစေနဲ့။
    ဒေ့ကာသည့် လူသားများတွင် တူညီသော ဆင်ခြေတုံတရားများ ရှိကြသည်။ အခြားပုဂ္ဂိုလ်တို့သည် မိမိထက် အမှားမှန် ပိုင်းခြားနိုင်သည့်ဉာဏ်ပို၍ ရှိသည်ဟု မည်သူမျှ ဝန်ခံလိမ့်မည် မဟုတ်။ 
    အခြားသူတစ်ဦးသည် မိမိထက် ပို၍ ပညာတတ်သည်။ ဗဟုသုတပို၍များသည်ဟု ဆိုကောင်းဆိုကြပေမည်။
အမှားအမှန် ပိုင်းခြားနိုင်သောဉာဏ် မိမိထက်ပို၍ ရှိသည်ဟူ၍ကား ပြောလိမ့်မည် မဟုတ်ပေ။

    'လူသားတို့၏ စိတ်သည် တစ်ဦး နှင့် တစ်ဦး တူညီမှု မရှိကြပေ။ သင်ကြားရာတွင် အချို့က တတ်မြောက်လွယ်သည်။ အချို့က စိတ်ကူးပို၍ ကောင်းသည်။ အချို့က မှတ်ဉာဏ်ပိုကောင်းသည်။ ဤကဲ့သို့ခြားနားနေခြင်းမှာ  စဥ်းစားတွေးခေါ်မှုတွင် မတူညီသော နည်းများကို အသုံးပြုခြင်းကြောင့် ဖြစ်သည်" ဟု ‌‌ဒေးကာ့ ဆိုခဲ့သည်။

ဒေးကာ့၏ ပြဿနာဖြေရှင်းနည်းသည် လူတိုင်းအတွက် အသုံးကျကောင်းမှ ကျမည်ဖြစ်သော်လည်း ကျွန်ုပ်တို့အတွက် အားတက် ဖွယ်ရာဖြစ်သည်။ မှန်ကန်သော စဥ်းစားတွေးခေါ်မှုကို သာ အသုံးချပါက ပြဿနာဖြေးရှင်းရာတွင် အောင်မြင်မှုများ ရရှိလာမည်ဖြစ်သည်။
    'လူသားအားလုံးသည် ဆင်ခြင်တုံတရားနှင့် ပြည့်စုံသည်" ဟူသော ဒေးကာ့ ၏ ယူဆချက်ကို ကန့်ကွက်လိုသူများ ရှိပေလိမ့်မည်။ သူတို့၏ ခံစားမှုများက  သူတို့၏ စိတ်ကို လွှမ်းမိုးထားသည့်လူများ မရှိနိုင်ပေဘူးလား။ 
အမှန်တရားရှာဖွေမှု၌ စိတ်ဝင်များမှုရှိပါ၏လော။ သူတို့ ယုံကြည်လိုသော ကိစ္စများ တွင်သာယုံကြည်ကြသူများ မဟုတ်ကြပေဘူးလား။
    အမှန်တရားက မည့်သို့ပင်ရှိစေကာမှု ကျွန်ုပ်တို့ ယုံကြည်လိုသော အကြောင်းရပ်များကိုသာ ယုံကြည်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ မာနများ၊ ကြောက်ရွံ့စိတ်များ၊ စိုးရိမ်စိတ်များသည် လူတို့၏ စိတ်အတွင်းဝယ် နက်ရှိုင်းစွာ တည်ရှိနေသည်။ ဤသို့သော အခြေနေတွင် မည်မျှယုတ္တိတန်သော ဆင်ခြေဖြင့် ရှင်းပြသည်ဖြစ်စေ၊ လူတို့သည် လက်ခံကြမည် မဟုတ်။ ဤ အချက်များကို ကျွန်ုပ်တို့ သတိထားရမည်ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့သူ ဟူ၍ မရှိ သော်လည်း ထိုစိတ်များကြောင့် ကျွနိုပ်တို့ ဆင်ခြင်တွေးခေါ််မှုကို ထိပါးလာနိုင်သည်။
ကိုးကား ။  ။ ခင်မောင်သန်း (စိတ် ပညာ)

image source: https://images.app.goo.gl/15ouSYBpPiM4i9Kf9


References:
 https://www.myanmarbookshop.com/MyanmarBooks/BookDetails/50416
http://blog.irrawaddy.com/2010/11/blog-post_1806.html

Credit:
Image 






Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်