Skip to main content

Posts

Showing posts from February, 2024

ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ်

  မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။ အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။ ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။ သိပ်ရဲရင့်တယ်။ "Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူး”တဲ့။ ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။ ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ ဦးတည်ရာကို ရွေးချယ်တာက ဥာဏ်ရည်ပေါ့။ လျှောက်လမ်းမှာ ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့  လုပ်ဆောင်ချက်ပါ။ ⭐️ဖြတ်ညှပ်ကပ်မှတ်စု ထားသည်။