ယုတ္တိဗေဒ - ကျွန်ုပ်တို့ အငြင်းပွားကြသည့်အခါတွင်လည်း မိမိ ရပ်တည်ချက်မှန်ကန်ကြောင်း အထောက်အထားပြရန် လို
ယုတ္တိဗေဒ
'အခြားသော အရည်အချင်းများထက် လူသားများသည် အဓိပ္ပာယ် ရှိရှိတွေးခေါ်တတ်သော စွမ်းရည်ကို ညီမျှစွာ ပိုင်ဆိုင်ကြသည်' ဟု ဒေးကာ့့ သည် စဉ်းစားတွေးခေါ်မှု အတွက် နည်းလမ်းများ ရှာဖွေတင်ပြခဲ့သည်။
၁၆၃၇ ခုနှစ် တွင် သူသည် စာအုပ်တစ်အုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ ပို၍ ချောမောလှပလိုသူ၊ ပို၍ ကိုယ်အင်္ဂါ ထွားကျိုင်းလိုသူများသာရှိသည်။ စဉ်းစားတွေးခေါ် မှုတွင် ပို၍ ကောင်းလိုသူ ဟူ၍ မရှိကြောင်းလည်း သူက ရေးသားဖော်ပြခဲ့သည်။ ဒေ့ကား၏ စကားကို အများက မယုံကြည်နိုင်၊ ဘယ်လိုလုပ်မှန်နိုင်ပ့ါမလဲဟု အချို့က ယူဆကြသည်။ ဤစကားများကို ဟာသတစ်ခုအဖြစ် ရေးသားခဲ့ဟန်တူသည့် ဟု အချို့က ယူဆကြသည်။
အမှန်တော့ လူသားတို့၏ အမှားနှင့် အမှန် ခွဲခြားနိုင်မှုစွမ်းရည်၊ စဉ်းစားတွေးခေါ် မှု၏ အခြေခံ အချက်များကို ရည်ညွှန်း နေခြင်းဖြစ်သည်။
ဆင်ခြင်တုံတရားတွင် လူသားများသည် တူညီမျှစွာ ပိုင်ဆိုင်မှု ရှိသည်ဟု ဆိုပါက အဘယ့်ကြောင့် သူတို့၏ သဘောထားများသည် ကွဲလွဲနေကြသနည်း။ လူသားများ၏ ဘာသာေရး့ယုံကြည်မှု၊ နိုင်ငံရေးအမြင်တို့သည် အဘယ့်ကြောင့် ခြားနားမှု ရှိနေကြသနည်း။
ယုတ္တိဗေဒ - ကျွန်ုပ်တို့ အငြင်းပွားကြသည့်အခါတွင်လည်း မိမိ ရပ်တည်ချက်မှန်ကန်ကြောင်း အထောက်အထားပြရန် လိုအပ်သည်။
အထောက်အထားကင်းမဲ့မှုကို ဖုံးကွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာမှုရရန်အတွက် လှည့်ဖြားတတ်ကြသည်။ အမျိုးသမီးတစ်ဦးသည် ရုပ်ရည်ချောမောသည့်အတွက် သနားကြင်နာတက်လိမ့်မည်၊ သဘောကောင်းလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ထင်မှတ်ကြသည်။ ဤသို့ ထင်မှတ်ခြင်းသည် မိမိကိုယ်မိမိ လှည့်စားခြင်းသာ ဖြစ်၏။
ဤအတွေးအမြင်သည် မည်မျှလွဲမှားကြောင်း အိမ်ထောင်ရှင် မည်မျှ ကြုံတွေ့ခဲ့ကြပြီနည်း။
Comments
Post a Comment