Skip to main content

အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်း

 သမိုင်းကြောင်း 

Occurring on the 10th day following the full moon of Tazaungmon

အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံသားတိုင်းလိုလို သိပြီးဖြစ်ကြပါသည်။ အမျိုးသားနေ့အကြောင်းကို ကျောင်းသားဘဝကပင် သင်ကြားခဲ့ကြရသည်။ အမျိုးသားနေ့ဟု ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း စသည့်ဖြစ်စဉ်တို့နှင့် တွဲလျက် သိရှိခဲ့ရသည်။ 

ဝံသာနုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကြီးက ဝံသာနုလှုပ်ရှားမှုအနေဖြင့် အမျိုးသားနေ့သတ်မှတ်ရန် စတင်ကြိုးပမ်းခဲ့ရာမှ အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ပါသည်။ အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အမျိုးသားရေးစိတ်ဓာတ်များ တိုးမြင့်လာစေရန်ဖြစ်ပါသည်။ ထိုစဉ်ကာလက မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်ကျရောက်နေစဉ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးရရှိရန်အတွက် တစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ လိုအပ်နေသည့် အချိန်ဖြစ်ပါသည်။
 
ထိုသို့သော အချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်တို့အား ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါသည်။ ယင်းသို့ သပိတ်မှောက်တော်လှန်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ဆုံးဖြတ်ခဲ့ကြပါသည်။

အမျိုးသားနေ့သတ်မှတ်ခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ အမျိုးသားနေ့များကို နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်မှစ၍ အမျိုးသားနေ့ကို ကျောင်းပိတ်ရက်အဖြစ် လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှ စ၍ ရုံးပိတ်ရက် အဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။ အမျိုးသားနေ့အား ကျင်းပရာတွင် မျိုးချစ်စိတ် ထက်သန်ရေးနှင့် နယ်ချဲ့အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းများအတွက် စည်းရုံးလှုံ့ဆော်အဓိဋ္ဌာန်ပြုခြင်းဖြင့် အမျိုးသားရေး စိတ်ဓာတ်များ တက်ကြွလာစေပြီး နယ်ချဲ့အစိုးရဆန့်ကျင်ရေး လုပ်ငန်းများ အရှိန်မြင့်လာစေခဲ့ပါသည်။ ထိုအမျိုးသားရေး စိတ်ဓာတ်ကပင် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို လွတ်လပ်ရေးရသည် အထိ ဦးဆောင်သွားနိုင်ခဲ့ပါသည်။ 

ထိုစဉ်က နယ်ချဲ့အစိုးရကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားသပိတ်ကို လူထုတစ်ရပ်လုံးက ထောက်ခံအားပေးခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်၏ ကြီးမားသောရလဒ်တစ်ခုမှာ မြန်မာနိုင်ငံတစ်ဝန်း အမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် ဗဟန်းကောလိပ်ဟု အမည်တွင်သော အမျိုးသားကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။ 

ထို့အပြင် အမျိုးသား ပညာရေးကောင်စီလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်နံတစ်လျား၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာစေခဲ့သည်။ ထိုအမျိုးသားကျောင်းများမှပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော မျိုးချစ်လူငယ်များ ပေါ်ထွန်းခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်သပိတ်ကြောင့် ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုအတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာစေခဲ့ပါသည်။ ယင်းသို့ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုမြင့်မားလာခဲ့သဖြင့် ယင်းစိတ်ဓာတ်ဖြင့်ပင် လွတ်လပ်ရေးကို မဆုတ်မနစ်ရယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။


Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်