Skip to main content

Posts

Showing posts from December, 2023

What abilities do you think are most important for a youth worker?

  What abilities do you think are most important for a youth worker? "From my perspective, listening, patience, and empathy are the most crucial traits for youth workers. I've come to realize that youth operate on their own timelines, and the best way for me to support them is by actively listening to and empathizing with them." အမေရိကန် သံရုံး (SAYLP) ရဲ့ အစီစဉ်မှာ မေးကောင်း မေးန်ုင်ပါတယ်။ Civic engagement လုပ်သည့် အခါ လူငယ်တွေ အပေါ်  သဘောထား အမြင် ကို “English” လို စီကာပတ်ကုံး ပြောနိုင်အောင်လို့ပါ။

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်

ယုတ္တိဗေဒ - ကျွန်ုပ်တို့ အငြင်းပွားကြသည့်အခါတွင်လည်း မိမိ ရပ်တည်ချက်မှန်ကန်ကြောင်း အထောက်အထားပြရန် လို

ယုတ္တိဗေဒ  'အခြားသော အရည်အချင်းများထက် လူသားများသည် အဓိပ္ပာယ် ရှိရှိတွေးခေါ်တတ်သော စွမ်းရည်ကို ညီမျှစွာ ပိုင်ဆိုင်ကြသည်' ဟု ‌‌ဒေးကာ့့ သည် စဉ်းစားတွေးခေါ်မှု အတွက် နည်းလမ်းများ ရှာဖွေတင်ပြခဲ့သည်။ ၁၆၃၇ ခုနှစ် တွင် သူသည် စာအုပ်တစ်အုပ်ကိုရေးသားထုတ်ဝေခဲ့သည်။ ပို၍ ချောမောလှပလိုသူ၊ ပို၍ ကိုယ်အင်္ဂါ ထွားကျိုင်းလိုသူများသာရှိသည်။ စဉ်းစားတွေ‌းခေါ် မှုတွင် ပို၍ ကောင်းလိုသူ  ဟူ၍ မရှိကြောင်းလည်း သူက ရေးသားဖော်ပြခဲ့သည်။ ‌ဒေ့ကား၏ စကားကို အများက မယုံကြည်နိုင်၊ ဘယ်လိုလုပ်မှန်နိုင်ပ့ါမလဲဟု အချို့က ယူဆကြသည်။  ဤစကားများကို ဟာသတစ်ခုအဖြစ် ရေးသားခဲ့ဟန်တူသည့် ဟု အချို့က ယူဆကြသည်။  အမှန်တော့ လူသားတို့၏ အမှားနှင့် အမှန် ခွဲခြားနိုင်မှုစွမ်းရည်၊ စဉ်းစားတွေးခေါ် မှု၏ အခြေခံ အချက်များကို ရည်ညွှန်း နေခြင်းဖြစ်သည်။  ဆင်ခြင်တုံတရားတွင် လူသားများသည် တူညီမျှစွာ ပိုင်ဆိုင်မှု ရှိသည်ဟု ဆိုပါက အဘယ့်ကြောင့် သူတို့၏ သဘောထားများသည် ကွဲလွဲနေကြသနည်း။ လူသားများ၏ ဘာသာ‌ေရး့ယုံကြည်မှု၊ နိုင်ငံရေးအမြင်တို့သည် အဘယ့်ကြောင့် ခြားနားမှု ရှိနေကြသနည်း။ ယုတ္တိဗေဒ - ကျွန်ုပ်တို့ အငြင်းပွားကြသည့်အခါတွင်လည်း  မိမိ ရပ်တည်ချက်မှန်ကန်ကြ

ဆော့ခရတ္တိ မကွယ်လွန်မီ ရယ်စရာနှော

 မကွယ်လွန်မီ  ရယ်စရာနှော ဆော့ခရတ္တိ မကွယ်လွန်မီ သူသည် ရယ်စရာပင် ပြောသွားနိုင်ခဲ့သေးသည်။ တပည့်တစ်ဦးဖြစ်သူ အပိုလိုဒိုရပ်၏ ပြောဆိုမှုကို သူသည် ရယ်စရာပြုလုပ်သွားခဲ့၏။ 'မတရားသဖြင့် ဆရာကြီးကို သေဒဏ်ပေးတာ ကျွန်တော် အခံရအခက်ဆုံးပဲ။' 'မင်းက ဘယ်လိုမှ သဘောကျမှာလဲ အပိုလိုဒိုရပ်၊ ငါ့ကို တရားသဖြင့် သေဒဏ်ပေးတာ ကြည့်ချင်တာလား။' ပိုမိုလေ့လာပါ။ ဆော့ခရတ္တိ စီရင်ခံရခြင်း။

ဘာကြောင့် ဆော့ခရတ္တိ ‌သေဒဏ်ချမှတ်ခဲ့ရ သလဲ။

 ဘာကြောင့် ဆော့ခရတ္တိ သေဒဏ်ချမှတ်ခဲ့ရ သလဲ။ ဆော့ခရတ္တိ  (Socrates) သည် အေသင်တွင် ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးခံခဲ့ရပြီး အဓိကအားဖြင့် လူများကို မိုက်မဲသောပုံပေါက်စေခြင်းဖြင့် လူများကို အရှက်ရစေသောကြောင့် ဖြစ်သည်။ သူသည် အေသင်မြို့သားများ မြတ်နိုးခဲ့သည့် ဒီမိုကရေစီကို ပြတ်ပြတ်သားသား ဝေဖန်သူဖြစ်ပြီး ဘီစီ 404-403 တွင် အေသင်၏ ဒီမိုကရေစီအစိုးရကို ခေတ္တဖြုတ်ချခဲ့သော သုံးဆယ်အာဏာရှင်အဖွဲ့ဝင်အချို့နှင့် ဆက်စပ်နေခဲ့သည်။ သူသည် မြို့၏ဘုရားများကို ငြင်းပယ်ကာ လူငယ်နောက်လိုက်များကြားတွင် အခွင့်အာဏာကို မထီမဲ့မြင်ပြုခဲ့ခြင်းကြောင့် စွဲချက်တင်ခံရခြင်း၊ ယုတ်ညံ့ခြင်းနှင့် လူငယ်များ ဖောက်ပြန်ခြင်းဆိုင်ရာ ရာဇ၀တ်မှုများအတွက် အပြစ်ရှိကြောင်း ငြင်းခုံခဲ့သည်။  ၎င်းအား အဆိပ်ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ Image: https://www.history.com/topics/ancient-greece/socrates      Socrates was widely hated in Athens, mainly because he regularly embarrassed people by making them appear ignorant and foolish. He was also an outspoken critic of  democracy , which Athenians cherished, and he was associated with some members of the  Thi

အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဂဃနဏ သိချင်တယ်ဆိုရင်

 အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဂဃနဏ သိချင်တယ်ဆိုရင် မူလ ကျမ်းရင်းတွေ ဖတ်ဖို့ လိုပါတယ်။ (၁) အညွှန်းစာအုပ် (၂) မိတ်ဆက် စာအုပ် (၃) အဖွင့်ကျမ်း စာအုပ် (၄) အညွှန်းကျမ်း စာအုပ် (၅) စာစောင်တွေထဲက သုံးသပ်ဝေဖန်ချက် (၆) ဆောင်းပါးတွေ ဖတ်ရုံနဲ့ မဖြစ်ပါဘူး။  ကိုယ်ဖတ်တဲ့ မိတ်ဆက် စာအုပ်လို၊ အဖွင့်ကျမ်းစာအုပ်တွေက  ရေးသူရဲ့ အတ္တနောမတိ တွေလွန်ကဲပြီးဖြစ်စေ၊ တမင်တကာ မသမာတဲ့ ရည်ရွယ်ချက်နဲ့လုပ်လို့ ဖြစ်စေ အမှားတွေ ဖြစ်နေရင် "ငါးပါးသာမက သံဃာစင်ပါမှောက်တဲ့ ကိန်း" ဆိုက်ရောက် သွားနိုင်ပါတယ်။

အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်း

  သမိုင်းကြောင်း  Occurring on the 10th day following the full moon of  Tazaungmon အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံသားတိုင်းလိုလို သိပြီးဖြစ်ကြပါသည်။ အမျိုးသားနေ့အကြောင်းကို ကျောင်းသားဘဝကပင် သင်ကြားခဲ့ကြရသည်။ အမျိုးသားနေ့ဟု ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း စသည့်ဖြစ်စဉ်တို့နှင့် တွဲလျက် သိရှိခဲ့ရသည်။  ဝံသာနုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကြီးက ဝံသာနုလှုပ်ရှားမှုအနေဖြင့် အမျိုးသားနေ့သတ်မှတ်ရန် စတင်ကြိုးပမ်းခဲ့ရာမှ အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ပါသည်။ အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အမျိုးသားရေးစိတ်ဓာတ်များ တိုးမြင့်လာစေရန်ဖြစ်ပါသည်။ ထိုစဉ်ကာလက မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်ကျရောက်နေစဉ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးရရှိရန်အတွက် တစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ လိုအပ်နေသည့် အချိန်ဖြစ်ပါသည်။   ထိုသို့သော အချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်တို့အား ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါသည်။ ယင်းသို့ သပိတ်မှော