Skip to main content

ပဌာန်း အဓိပ္ပါယ် အမှားတွေ Share လုပ်နေကြတဲ့သူတွေ သိစေဖို့

 ပဌာန်း အဓိပ္ပါယ် အမှားတွေ Share လုပ်နေကြတဲ့သူတွေ သိစေဖို့

Credit::::::::
လောကမှာ •••
အမှားခံလို့ လုံးဝမရတာ
မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့
ဓမ္မတရားတွေပဲ ဖြစ်ပါတယ် ...
ဆရာတင် မှားရင်
တစ်သံသရာလုံး မှောက်
ဆိုတဲ့ စကားလည်း ရှိပါတယ်။
◾ပဋ္ဌာန်း ( ၂၄ ) ပစ္စည်း
××××× ××××× ×××××
လူမှုကွန်ရက် ( Facebook ) ၏
Page တစ်ခုနှင့်
FB သုံးစွဲသူ Acc အတော် များများသည် -
``ပဋ္ဌာန်း(၂၄)ပစ္စည်း´´ကို ( #လွဲမှားစွာ )
၁။ ဟေတုပစ္စယော =
အကုသိုလ်ကင်း၍
ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
၂။ အာရမ္မဏပစ္စယော =
မျက်စိနှင့်နားသည်
နိဗ္ဗာန်သို့ မျက် မှောက် ပြုရပါစေသား။
၃။ အဓိပတိပစ္စယော =
ရုပ်၊ နာမ်နှစ်ပါးကို
စောင့်ရှောက် ထိန်းသိမ်းနိုင်ရပါစေသား။
၄။ အနန္တရပစ္စယော =
များလှစွာသောကုသိုလ်တရားကို
မျက် မှောက် ပြုရပါစေသား။
၅။ သမနန္တရပစ္စယော =
ရုပ် နှင့် နာမ် အတူရှိသော တရားတို့ကို မျက် မှောက် ပြုရပါစေသား။
- စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ
"မတန်မရာ" ရေးသား၍ ဖြန့်ဝေနေကြ,
Share နေကြသည်ကို တွေ့လိုက်ရပါသည်။
"ပဋ္ဌာန်း" ရွတ်လျှင် -
"ဘေးအန္တရာယ်ကင်းသည်၊ ဘုန်းကြီးသည်၊ ကုသိုလ်ရသည်"ဟုသာ သာမန်မျှ သိသော
``ပဋ္ဌာန်း´´ကြည်ညို သူတို့ အဖို့ -
"​ဪ ………
ဟေတု - ဆိုတာ ဒီလိုလား။
အာရမ္မဏ - ဆိုတာ လက်စသပ်တော့
"ဒီလိုကိုး" ဟူ၍ အပိုင်မှတ်ယူ လက်ခံသွားလျှင် ခက်ပေလိမ့်မည်။
မူလအစဉ်အလာကို လွန်ပြီး
ကွန့်လိုက်သော်
-မှန်လျှင် ကောင်းပါ၏၊
မမှန်လျှင်(မမှန်ဖို့က များ၏)
မသိနားမလည်
သူများအပေါ်``အပါယ်´´သို့ တွန်းချဘိ
သကဲ့သို့ ဖြစ်ပေလိမ့်မည်။
``ဘာသာရေး´´မှာ ဝင်၍
စတန့် မထွင်ထိုက်ပေ ၊
ဤသို့ စွဲမြဲစွာ သဘောထားလျှက်
" ပေါ့ပေါ့တန်တန် " မရေးဘဲ
အစဉ်အလာ``ဘုရားဟော ကျမ်းဂန်နှင့်အညီ ရေးသား သင့်ပေသည်။
``ဗုဒ္ဓ´´၏ ဒေသနာတော်များသည်•••
``အတိ ဂမ္ဘီရကြီး ( ၄ ) ပါး´´နှင့်
ပြည့်စုံပါ၏။
``ဗုဒ္ဓခေတ်´´အပါအဝင်``
ဘုန်းကံကြီးမားသူ´´ တို့မှ အပ -
``နှောင်းခေတ် လူတိုင်း´´အတွက် နားလည်ရန် ခက်ခဲသဖြင့်
``ပါဠိတော်များ´´ကို ဗုဒ္ဓ အလိုတော်ကျ
အနက်-အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းမှသာ
အကျိုးများပေမည်။
.
#ပဋ္ဌာန်း၏ အဓိပ္ပါယ်
``ပဋ္ဌာန်း´´ဟူသည်
``ပဋ္ဌာန´´မှ လာခြင်း ဖြစ်ပြီး-
``ပဋ္ဌာန´´၏ အဓိပ္ပါယ်သည်
ပ = မျိုးစုံ, အမျိုးမျိုး၊
ဋ္ဌာန = အကြောင်းတရား။
( "ပဋ္ဌာန်"အမျိုးမျိုးသော
အကြောင်းတရားများက စုပေါင်းပြီး
အကျိုးတရားများ ထုတ်လုပ်နေပုံကို
အကြောင်းအမျိုးမျိုး နှင့်
ရှင်းလင်းပြသော ဒေသနာတော် " ဟု
ဖွင့်ဆိုပါ၏ )
ကျမ်းကိုး -
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ``
ပဋ္ဌာန်းမြတ်ဒေသနာ´´ )
``ပဋ္ဌာန်းတရားတော်´´၌ လူ နတ် ဗြဟ္မာ´´
ဘုံတွေအကြောင်း မပါဝင်ဘဲ
ရုပ်-နာမ် များ၏ အကြောင်း၊
အထောက်အပံ့ အကျိုး များကိုသာ သီးခြားဟောသည့် တရား ဖြစ်၏။
``အကြောင်း နှင့် အကျိုး´´ကို အကျယ်ချဲ့သောအခါ #ပဋိစ္စသမုပ္ပါဒ်
အကျယ်ထပ်ချဲ့ရင်
``ပဋ္ဌာန်းတရား´´ဟု ဆိုပါ၏။
"ရုပ် နာမ် ဓမ္မ"တို့၏ "သဘာဝဖြစ်စဉ်"ကို
ကြောင်းကျိုးယှဉ် တင်ပြထားသော
``ပဋ္ဌာန်းဒေသနာ´´ကို လေ့လာခြင်းဖြင့်…
ဖြစ်စဉ်၊ ဖြစ်ရပ်မှန်သမျှ
အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်၊
``အကြောင်းကြောင့် -
အကျိုး ဖြစ်ပေါ်လာခြင်းသာ ဖြစ်၏ ဟု အမှန်ကို အမှန်အတိုင်း မြင်၍ ၊
အရှိကို အရှိအတိုင်း သိ၍ ၊
အရာရာကို ကြောင်းကျိုး ဆင်ခြင်
နိုင်ကြစေရန်…´´
``ယထာဘူတဉာဏ်´´ကို အခြေခံကာ
တရားအဆင့်ဆင့် မြင့်တက်လျက် ဘဝ၏ အနှစ်သာရဖြစ်သော
" မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် " ကို အထောက်အကူပြုနိုင်ရန် လေ့လာအပ်
သော တရားဖြစ်ပါ၏ ။
♦️ပဋ္ဌာန်း ( ၂၄ ) ပစ္စည်း အနက်
အဓိပ္ပါယ် အစစ်အမှန်၏ အကျဉ်းချုပ်
၁။ ဟေတုပစ္စယော-
``ဟိတ်ခြောက်ပါး´´ဖြစ်၍``
ပစ္စယုပ္ပန် တရား´´တို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။
( ရေသောက် မြစ်လျှင်၊ ယင်းသစ်ပင်ကို၊
စည်ပင်စေမှု ၊ ကျေးဇူးပြု ၊
ဟေတုပစ္စည်းခေါ် )
၂။ အာရမ္မဏပစ္စယော-
``အာရုံခြောက်ပါး"ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊
မပန်းရစေ ၊ ထိုင်ထစေမှု ၊
ကျေးဇူးပြုပြန် - အာရမ္မဏခေါ် )
၃။ အဓိပတ္တိပစ္စယော-
``အကြီးအမှူး´´ဖြစ်၍
ကျေးဇူးပြုတတ်သော တရား။
( စကြာမင်းရှင် ၊ အုပ်စိုးသွင်သို့ ၊
ပြိုင်ရှင်မရှိ ၊ စိုးအုပ်ဘိ - အဓိပတိခေါ် )
၄။ အနန္တရပစ္စယော-
``အခြားမဲ့ (တဆက်တည်း အကြားမရှိ)
ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
( စကြာမင်းဖျား ၊ နတ်ရွာလားသော် ၊ သားကြီး နန်းရ ၊ ဖြစ်ရပမာ ၊
ခြားရာမရှိ-ကျေးဇူးရှိ )
၅။ သမနန္တရပစ္စယော-
``ကောင်းစွာ အခြားမဲ့´´
( တဆက်တည်း အကြားမရှိ ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရား ။
( စကြာမင်းဖျား ၊ တောထွက်သွားသော်၊ သားကြီး နန်းရ ၊ ဖြစ်ရပမာ ၊
ခြားရာရှိ - ကျေးဇူးရှိ )
၆။ သဟဇာတပစ္စယော။
``အတူတကွ´´ဖြစ်၍
ကျေးဇူးပြုတတ်သော တရား ။
( ဆီမီး တောက်သော်၊ အလင်းပေါ်သို့ ၊
ထို့တူတသီး ၊ ပစ္စည်းပစ္စယုပ္ပန် -
အတူဖြစ်ဟန်ကို)
၇။ အညမညပစ္စယော-
``အချင်းချင်း အပြန်လှန် ကျေးဇူးပြုတတ်သော တရား ။
( သစ်သား သုံးခွ၊ ချင်းချင်းမသို့၊
အညမညံ ၊ ပြန်လှန်သမှု-ကျေးဇူးပြု )
၈။ နိဿယပစ္စယော-
``မှီရာဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊
မှီရာတည်မှု- ကျေးဇူးပြု )
၉။ ဥပနိဿယပစ္စယော-
``အားကြီးသော အကြောင်းဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊
တည်နေနိုင်မှု ၊ ကျေးဇူးပြု၊ -
ဥပနိဿယခေါ် )
၁၀။ ပုရေဇာတပစ္စယော-
``ရှေး၌ ဖြစ်နှင့်၍´´
ကျေးဇူးပြုတတ်သော တရား။
( ကမ္ဘာဦးက ၊ နေ နှင့် လသို့ ၊
ရှေ့ကဖြစ်လာ ၊ နောက်ကဖြစ်လာသည့် တရားစုစု- ကျေးဇူးပြု )
၁၁။ ပစ္ဆာဇာတပစ္စယော-
``နောက်၌ ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ဠင်းတ ငယ်သော်၊ အစာမျှော်သို့၊
နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု-
ကျေးဇူးပြု)
၁၂။ အာသေဝနပစ္စယော-
``အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊
ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည် - ဧကန် အာသေဝန သဘောတည်း။)
၁၃။ ကမ္မပစ္စယော-
``အကြောင်းကံဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(မျိုးစေ့အလား၊ ပမာထား၍၊
နှစ်ပါးသော ကံ ၊ အခြေခံကာ ၊
ဝေဘန်သမှု-ကျေးဇူးပြု )
၁၄။ ဝိပါကပစ္စယော-
``အကျိုးဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊
ကံနေအလား၊ အဖြစ်များမှု-ကျေးဇူးပြု)
၁၅။ အာဟာရပစ္စယော-
``ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊
သဏ္ဍာန်တူစွ ၊ ထောက်ပံ့မသည့် ၊ အာဟာရဖြစ်မှု - ကျေးဇူးပြု။ )
၁၆။ ဣန္ဒြိယပစ္စယော-
``အစိုးရသည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊
ကောင်းစွာစိုးရ ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်-စိုးအုပ်လှစ်သို့ )
၁၇။ စျာနပစ္စယော-
``ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍
စူးစူးစိုက်စိုက် ရှုတတ်သည်၏
အဖြစ်ဖြင့်´´ကျေးဇူးပြုတတ်သော တရား။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊
အောက်သူတို့အား-ကြည့်ပြောငြားသို့။)
၁၈။ မဂ္ဂပစ္စယော-
``သံသရာမှ ထွက် မြောက် ကြောင်း
နည်လမ်းဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊
ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု -ကျေးဇူးပြု )
၁၉။ သမ္ပယုတ္တပစ္စယော-
``ယှဉ်သည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(စတုမဓူ ၊ ရောသည့်တူပေ ၊
စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊
ယှဉ်ကြသမှု-ကျေးဇူးပြု။)
၂၀။ ဝိပယုတ္တပစ္စယော-
``မယှဉ်သည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊
ခြားနား မတူ၊ ဖြစ်ဟန်မူသို့၊
ထို့တူမခြား - ကျေးဇူးပြု။)
၂၁။ အတ္ထိပစ္စယော-
``ထင်ရှားရှိဆဲဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ-
အတ္ထိပစ္စည်းခေါ် )
၂၂။ နတ္ထိပစ္စယော-
``မရှိသည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု
ကျေးဇူးပြုသို့ ၊ ထို့တူမှတ်ဘိ၊
မရှိသမှု-ကျေးဇူးပြု။)
၂၃။ ဝိဂတပစ္စယော-
``ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(နေရောင်ပျောက်ကင်း ၊ လရောင်လင်းသို့ ၊
ချုပ်ကင်းလေမှု- ကျေးဇူးပြု။)
၂၄။ အဝိဂတပစ္စယော-
``မကင်းသည်ဖြစ်၍´´
ကျေးဇူးပြုတတ်သော တရား။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊
ယင်းတရားစု-ကျေးဇူးပြု)
ဣတိ = ဤသို့၊
စတုဝီသတိ ပစ္စယာ = နှစ်ဆယ့်လေး
ပစ္စည်းတို့သည်၊
မဟာပကရဏေ = အနန္တနယ
သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌၊
ဌိတာ = တည်ကုန်သည်၊
ဟောန္တိ = ဖြစ်ကုန်၏။
🙏 🙏 🙏
အမှန်ထိုးထွင်း
အလင်းထင်ပေါ်
သိမြင်နိုင်ကြပါစေ ...
✍️✍️✍️ မူရင်းတင်သူ
🙏🙏🙏
#Ashin Pan Dita -
📔📔📔 ဦးသိန်း
# ဓမ္မနှင့်အထွေထွေဗဟုသုတ





Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်