ပဌာန်း အဓိပ္ပါယ် အမှားတွေ Share လုပ်နေကြတဲ့သူတွေ သိစေဖို့ Credit:::::::: လောကမှာ ••• အမှားခံလို့ လုံးဝမရတာ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဓမ္မတရားတွေပဲ ဖြစ်ပါတယ် ... ဆရာတင် မှားရင် တစ်သံသရာလုံး မှောက် ဆိုတဲ့ စကားလည်း ရှိပါတယ်။ ပဋ္ဌာန်း ( ၂၄ ) ပစ္စည်း #မြန်မာပြန်အမှား ××××× ××××× ××××× လူမှုကွန်ရက် ( Facebook ) ၏ Page တစ်ခုနှင့် FB သုံးစွဲသူ Acc အတော် များများသည် - ``ပဋ္ဌာန်း(၂၄)ပစ္စည်း´´ကို ( #လွဲမှားစွာ ) ၁။ ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။ ၂။ အာရမ္မဏပစ္စယော = မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက် မှောက် ပြုရပါစေသား။ ၃။ အဓိပတိပစ္စယော = ရုပ်၊ နာမ်နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်းနိုင်ရပါစေသား။ ၄။ အနန္တရပစ္စယော = များလှစွာသောကုသိုလ်တရားကို မျက် မှောက် ပြုရပါစေသား။ ၅။ သမနန္တရပစ္စယော = ရုပ် နှင့် နာမ် အတူရှိသော တရားတို့ကို မျက် မှောက် ပြုရပါစေသား။ - စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ "မတန်မရာ" ရေးသား၍ ဖြန့်ဝေနေကြ, Share နေကြသည်ကို တွေ့လိုက်ရပါသည်။ "ပဋ္ဌာန်း" ရွတ်လျှင် - "ဘေးအန္တရာယ်ကင်းသည်၊ ဘုန်းကြီးသည်၊ ကုသိုလ်ရသည်"ဟုသာ သာမန်မျ...