Skip to main content

တွေ့ဆုံခွင့်ရရှိခဲ့သည့်ကို အမှတ် ရနေပါမည်။

အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာပဒေသာတင် ဆရာကြီး စေတနာ ဟောပြောချက်များနှင့် အတွေ့အကြုံများကို American Center (2018) တွင် ‌နားထောင်ခွင့်ရခဲ့ပါသည်။ ‌အချိန်ကောင်း တစ်ခုအတွက် အမှတ်တရတစ်ခုပါပဲ.

မြန်မာနိုင်ငံ က ရူပဗေဒ ဘွဲ့ရ တစ်ယောက် ကျောင်းသား တစ်ယောက် အတွက် အားရစရာ တစ်ခုကို ရရှိခဲ့တယ်လို့ ခံစားမိပါတယ်။



၂၅-၆-၂၀၂၀ ရက်တွင် ကျင်းပသော သုတေသနညီလာခံ ဖွင့်ပွဲနေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဟောပြောသူများအဖြစ် အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဦးပဒေသာတင်က ‘သုတေသန အရေးပါမှုနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ၏ အခန်းကဏ္ဍ’ ဟူ၍ ဟောပြောရာတွင် အောက်ဖော်ပြပါ -

 

 (က) ကမ္ဘာနှင့် ရင်ပေါင်တန်း၍ ပြည်သူပြည်သားတိုင်း လူမှုအဆင့်အတန်း မြင့်မားစွာဖြင့် ပျော်ရွှင်စွာ နေထိုင်ရေး။ ။

 

(ခ) တိုင်းပြည်အချုပ်အခြာအာဏာ တည်မြဲရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေနိုင်ရေး။

 

(ဂ) နိုင်ငံသားတိုင်း ကျန်းမာစွာနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေး။

 

(ဃ) အနာဂတ် အမိမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး သားစဉ်မျိုးဆက် တစ်လျှောက်လုံး ပိုမိုကောင်းမွန်သော လူမှုအဆင့်အတန်းရရှိရန်နှင့် အခွင့်အလမ်းကောင်းများရရှိရန် စသည့်အချက်များကြောင့် သုတေသနသည် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါလှကြောင်းကို ပြောကြားသွားပါသည်။


 ထို့အပြင် သုတေသီကောင်း (Good Researcher) တစ်ယောက်၏ အရည်အချင်းမှာ -

 

(၁) ပညာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှု၊

 

(၂) အခြေခံအောက်သက်ကျေရန် လိုအပ်မှု၊

 

(၃) မိမိသက်ဆိုင်ရာ ဘာသာရပ်အပြင် အခြားဘာသာရပ်များကို ဆည်းပူးလေ့လာသင့်မှု၊

 

(၄) ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု၊

 

(၅) နိုင်ငံခြားဘာသာ ရေး၊ ဖတ်ကျွမ်းကျင်မှု၊

 

(၆) စာသင်ကြားတတ်မှု၊

 

(၇) သုတေသနသည် အစစ်အမှန် (authentic) ဖြစ်ရပါမည်ဟူ၍လည်းကောင်း ဟောပြောပို့ချသွားပါသည်။


Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024