Skip to main content

tyranny of the majority အများစု၏ နိုင်လိုမင်းထက်ပြုမူမှု။

 Tyranny ကို မင်းဆိုးမင်းညစ်အုပ်ချုပ်မှု၊ ရှေးဟောင်းအတွေးအခေါ် တွင်လူပုဂ္ဂိုလ် တစ်ဦးက သူ့ကိုယ်ကျိုးအတွက် အုပ်ချုပ်သည့် ဘုရင်စနစ်၏ ဖောက်ပြန်သော ပုံစံ (အာဏာရှင် အုပ်စိုးမှု dictatorship နှင့် နှိုင်းယှဉ်ကြည့်ပါ)

J.S Mill ဒီမိုကရက်တစ် သဘောတရား ပညာရှင် များက အများစု၏ နိုင်လိုမင်းထက်ပြုမူမှုကို ရှောင်ရှားရန် ပို၍ စိတ်ဝင်စားသည်။

tyranny of the majority အများစု၏ နိုင်လိုမင်းထက်ပြုမူမှု။

ပလေတို (Plato)၊ အာရစ္စတိုတယ် (Aristotle)၊ မက်ဒီဆင် (Madison)၊ တော့ကွီးဗီးယ်(Tocqueville) နှင့် ဂျေအက်စ်မီးလ် (J.S.Mill) တို့က အမျိုးမျိုးဖော်ပြခဲ့ကြသည့် စိုးရိမ်မှု။

အကယ်၍ အများစုက စိုးမိုးအုပ်ချုပ်မည်ဆိုလျှင် 

အများစုအနေဖြင့် လူနည်းစု(အယူဝါဒ၊ ဘာသာစကား၊ ယဉ်ကျေးမှု) အပေါ် အနိုင်မကျင့်စေရန် မည်သည်က ဟန့်တားမည်နည်း။

The federalist တွင် မက်ဒီဆင်၏ ဖြေဆိုမှုသည် လူသိအများဆုံးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားလူနည်းစုအပေါ် အကြမ်းဖက်နိုင်သည့် အမျိုးသား အများစုသည်တစ်ခုတည်းသာ ရှိမည်မဟုတ်ပေ။

တကယ်တော့လည်း မက်ဒီဆင်ခေတ် ဖွဲ့စည်းပုံသည်ပင်လျှင် 1960ပြည့်နှစ်သည့်တိုင်အောင် အကာကွယ်ပေးနိုင်ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် အများအားဖြင့် မက်ဒီဆင် ကိုယ်နှိုက်က အကာအကွယ်ပေးရန်အတွက် အလွန်အရေးပါသည်ဟု ယူဆခဲ့သည်။


Federal ဖြစ်သည့်တိုင်းအောင် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို တောင်ပိုင်း ပြည်နယ်များရှိ လူဖြူအများစုက ဒေသတွင်း လူမည်းအနည်းစု အား ဖိနှိပ်ချုပ်ချယ်ရန်အတွက် အသုံးပြုခဲ့ကြသည်။

အများစု၏ နိုင်လိုမင်းထက် ပြုမူမှုအား J.S.Mill၏ ဖြေရှင်းနည်းများမှာ (၁) ပါတီတစ်ခုချင်း၏ အမတ်လောင်းများ စုစုပေါင်း ရသော မဲအရေအတွက် နှင့် အချိုးကျ အမတ်နေရာရသော ရွေးကောကါမှုစနစ် (proportional representation) ကျင့်သုံးခြင်း နှင့် (၂) ချမ်းသာကြွယ်ဝသူများ နှင့် (၃)ပညာတတ်များအား မဲများ ပေးခြင်းဖြစ်သည်။

PR သည် အများစု တစ်ခုရှိလျှင် ယင်းသည်အများစုဖြစ်သည်။

PR က ယင်းကို လျော့နည်းသွားအောင် မလုပ်နိုင်ပေ။

ဥပမာ- Northern Irelandသည် 1921 မှစ၍ မဲဆန္ဒရှင်များသည် အမြဲ ပရိုတက်စတင့် ဘာသာဝင်များဖြစ်ကြသည်။ အားလုံးနီးပါး ဘာသာရေးလမ်းကြောင်းအရ ဆန္ဒမဲပေးကြသည်။ ထိုကြောင့် တရားမျှစွာဖြင့် ရွေးကောက်တင်မြှောက်လိုက်သည့် မြောက်အိုက်ယာလန်လွှတ်တော်တွင် ပရိုတက်စတင့် အများစုသာလျှင် ရှိနေမည်။

အရစ္စတိုတယ်၊ မက်ဒီဆင်နှင့် မီးလ်တို့ကို စိုးရိမ်ပူပန်စေခဲ့သည့် အဓိက အန္တရာယ်သည် ဆင်းရဲသော အများစု ပြည်သူများက ချမ်းသာကြွယ်ဝသော လူနည်းစု ကိုနစ်နာစေနိုင်သည့် ပစ္စည်းဥစ္စာသိမ်းယူနိုင်ရန် ဥပဒေပြဌာန်းရေးအတွက် ဆန္ဒမဲ ပေရနိုင်မှုဖြစ်သည်။

မည်သည့်အကြောင်းပြချက်အရပဲဖြစ်ဖြစ် ဤကဲ့သို့ ဖြစ်ရပ် မည့်သည့်အခါကမှ မဖြစ်ခဲ့ပေ။

အနည်းဆုံး ကျွန်ုပ်တို့အနေဖြင့် အများစုသည် အလယ်အလတ် မဲဆန္ဒရှင်(Median Voter)အား သိမ်းပိုက်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပေးသည်။

2023/Jan/31



Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024