Palto - ပေလတို။ ဂရိဒဿာနပညာရှင်။
အေသင်မြို့ အထက်တန်းစားလူ ကုံထံမိသားစုတွင် ဖွားမြင်သည်။
သူ့ကို နိုင်ငံရေးသမားတစ်ဦးဖြစ်လာလိမ့်မည့်ဟု ထင်မှတ်ခဲ့ကြသော်လည်း အခြေအနေနှင့် အထုံဝါသာနာ၏ ဆွဲဆောင်မှုကြောင့် ဒဿနိကဗေဒဘက်သို့ လှည့်ပြောင်းသွားခဲ့သည်။
ခေတ်ပြိုင် နိုင်ငံရေးအပေါ် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်ရမှုထဲတွင် သိသာ အထင်ရှားဆုံး အကြောင်းခံသည် ၃၉၉ BC တွင် အေသင်ဒီမိုကရေစီ၏ လက်ခုပ်အတွင်း၌ သူ၏ မိတ်ဆွေကြီးလည်းဖြစ်၊ သူ့ဆရာတစ်ဆူလည်းဖြစ်သည့် ဆိုကရေးတီး (Socrates)ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်။
သူသည့် သူ့ဘဝတစ်လျှောက်လုံး ဒီမိုကရက်တစ် အဆောက်အအုံ များနှင့် လွတ်လပ်စွာ တွေးခေါ်ရေးဝါဒ (Liberalism)ကို အကြီးအကျယ် ဆန်းစစ်ဝေဖန် ထိုးနှက်ခဲ့သည်။
သို့ရာတွင် သူ လူလတ်ပိုင်းအရွယ်ရောက်လာသောအခါ အစစ်အမှန် နိုင်ငံရေး (‘realpolitik’) လောကထဲသို့ချင်းနင်း ဝင်ရောက်ခဲ့သည်။ သူ၏ နိုင်ငံရေး သီအိုရီအချို့ကို ဂရိမြို့ပြနိုင်ငံ (City-state)ဆိုင်ရာကျူး (Syracuse) တွင်လက်တွေ့ စမ်းသပ်ကျင့်သုံးရန် ကြိုးပမ်းခဲ့သည်။
လုံးလုံးလျားလျား အောင်မြင်မှု မရခဲ့ပေ။
2023/Feb/2
Comments
Post a Comment