Skip to main content

Posts

Showing posts from February, 2023

အနန္တငါးပါးအား ရှိခိုးခြင်း

  နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ အနန္တငါးပါးအား ရှိခိုးခြင်း ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ၊ အနန္တော အနန္တ ငါးပါးတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

(၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်း

 ၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း        ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                      ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော           အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော         အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏           ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ ဘေးရန်ကင်းငြိမ်းကြပါစေ။

Plato

 Palto - ပေလတို။ ဂရိဒဿာနပညာရှင်။  အေသင်မြို့ အထက်တန်းစားလူ ကုံထံမိသားစုတွင် ဖွားမြင်သည်။ သူ့ကို နိုင်ငံရေးသမားတစ်ဦးဖြစ်လာလိမ့်မည့်ဟု ထင်မှတ်ခဲ့ကြသော်လည်း အခြေအနေနှင့် အထုံဝါသာနာ၏ ဆွဲဆောင်မှုကြောင့် ဒဿနိကဗေဒဘက်သို့ လှည့်ပြောင်းသွားခဲ့သည်။ ခေတ်ပြိုင် နိုင်ငံရေးအပေါ် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်ရမှုထဲတွင် သိသာ အထင်ရှားဆုံး အကြောင်းခံသည် ၃၉၉ BC တွင် အေသင်ဒီမိုကရေစီ၏ လက်ခုပ်အတွင်း၌ သူ၏ မိတ်ဆွေကြီးလည်းဖြစ်၊ သူ့ဆရာတစ်ဆူလည်းဖြစ်သည့် ဆိုကရေးတီး (Socrates)ကွပ်မျက်ခံခဲ့ရခြင်းဖြစ်သည်။ သူသည့် သူ့ဘဝတစ်လျှောက်လုံး ဒီမိုကရက်တစ် အဆောက်အအုံ များနှင့် လွတ်လပ်စွာ တွေးခေါ်ရေးဝါဒ (Liberalism)ကို အကြီးအကျယ် ဆန်းစစ်ဝေဖန် ထိုးနှက်ခဲ့သည်။  သို့ရာတွင် သူ လူလတ်ပိုင်းအရွယ်ရောက်လာသောအခါ အစစ်အမှန် နိုင်ငံရေး (‘realpolitik’) လောကထဲသို့ချင်းနင်း ဝင်ရောက်ခဲ့သည်။ သူ၏ နိုင်ငံရေး သီအိုရီအချို့ကို ဂရိမြို့ပြနိုင်ငံ (City-state)ဆိုင်ရာကျူး (Syracuse) တွင်လက်တွေ့ စမ်းသပ်ကျင့်သုံးရန် ကြိုးပမ်းခဲ့သည်။   လုံးလုံးလျားလျား အောင်မြင်မှု မရခဲ့ပေ။ 2023/Feb/2

tyranny of the majority အများစု၏ နိုင်လိုမင်းထက်ပြုမူမှု။

 Tyranny ကို မင်းဆိုးမင်းညစ်အုပ်ချုပ်မှု၊ ရှေးဟောင်းအတွေးအခေါ် တွင်လူပုဂ္ဂိုလ် တစ်ဦးက သူ့ကိုယ်ကျိုးအတွက် အုပ်ချုပ်သည့် ဘုရင်စနစ်၏ ဖောက်ပြန်သော ပုံစံ (အာဏာရှင် အုပ်စိုးမှု dictatorship နှင့် နှိုင်းယှဉ်ကြည့်ပါ) J.S Mill ဒီမိုကရက်တစ် သဘောတရား ပညာရှင် များက အများစု၏ နိုင်လိုမင်းထက်ပြုမူမှုကို ရှောင်ရှားရန် ပို၍ စိတ်ဝင်စားသည်။ tyranny of the majority အများစု၏ နိုင်လိုမင်းထက်ပြုမူမှု။ ပလေတို (Plato)၊ အာရစ္စတိုတယ် (Aristotle)၊ မက်ဒီဆင် (Madison)၊ တော့ကွီးဗီးယ်(Tocqueville) နှင့် ဂျေအက်စ်မီးလ် (J.S.Mill) တို့က အမျိုးမျိုးဖော်ပြခဲ့ကြသည့် စိုးရိမ်မှု။ အကယ်၍ အများစုက စိုးမိုးအုပ်ချုပ်မည်ဆိုလျှင်  အများစုအနေဖြင့် လူနည်းစု(အယူဝါဒ၊ ဘာသာစကား၊ ယဉ်ကျေးမှု) အပေါ် အနိုင်မကျင့်စေရန် မည်သည်က ဟန့်တားမည်နည်း။ The federalist တွင် မက်ဒီဆင်၏ ဖြေဆိုမှုသည် လူသိအများဆုံးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားလူနည်းစုအပေါ် အကြမ်းဖက်နိုင်သည့် အမျိုးသား အများစုသည်တစ်ခုတည်းသာ ရှိမည်မဟုတ်ပေ။ တကယ်တော့လည်း မက်ဒီဆင်ခေတ် ဖွဲ့စည်းပုံသည်ပင်လျှင် 1960ပြည့်နှစ်သည့်တိုင်အောင် အကာကွယ်ပေးနိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အ