Skip to main content

လူသတ်အနုကြမ်းစီးမှုတွင် သေဆုံးသွားသူများမှာ ရူပဗေဒပညာရှင် စာရေးဆရာ ဇနီးမောင်းနှံဖြစ်နေ

မင်္ဂလာတောင်ညွန့်တွင် ဖြစ်ပွားခဲ့သည့် လူသတ်အနုကြမ်းစီးမှုတွင် သေဆုံးသွားသူများမှာ ရူပဗေဒပညာရှင် စာရေးဆရာ ဇနီးမောင်းနှံဖြစ်နေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာ (၃၀) ရက်က ညပိုင်းက နေအိမ်တိုက်ခန်းအတွင်း သေဆုံးလျင်တွေ့ရှိခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းက လူသတ်အနုကြမ်းစီးမှုတွင် သေဆုံးသွားသူများမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ အငြိမ်း စားဆရာ ဆရာဦးမြင့်ဝေနှင့် ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းတို့ဖြစ်ကြောင်း သိရသည်။
ဆရာဦးမြင့်ဝေသည် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွ င် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး တက္ကသိုလ်ကြယ်ပွင့် ကလောင်ဖြင့် ရူပဗေဒဆိုင်ရာ စာပေများစွာ ရေးသား ထုတ်ဝေခဲ့သည့် နာမည်ကျော် သိပ္ပံဆိုင်ရာ စာရေးဆရာ တ စ်ဦးလည်း ဖြစ်သည်။
ဆရာ ဦးမြင့်ဝေနှင့် ဇနီး ဖြစ်သူတို့သည် ရန်ကုန်တိုင်း မင်္ဂ လာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ နေအိမ် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အောက်တိုဘာ (၃၀) ရက် ညဦးပိုင်းက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးမှုမှာ လူသတ်အနုကြမ်းစီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများသည် ငွေနှင့် ပစ္စည်းများ ယူဆောင်သွားကြောင်း ရပ်ကွက်နေ ပြည်သူအချို့ထံမှ သိရသည်။
" အစ်မတို့လည်း အစက မသိဘူး။ သူတို့က နှစ်ယောက်တည်းနေကြတာ။ မနေ့က သတင်းတွေ တက်လာမှ စာ ရေးဆရာ ဇနီးမောင်နှံဆိုတာသိရတာ။ သိပ်တော့ နားမလည်ပေမယ့် တိုင်းပြည်အတွက် နစ်နာတာပေါ့။ ပညာရှင်တွေ ဆုံးရှုံးရတာဆိုတော့လေ။ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပါတယ်" ဟု ရပ်ကွက်နေ ပြည်သူ တ စ်ဦးက ပြောသည်။
ဆရာဦးမြင့်ဝေသည် တက္ကသိုလ်ကြယ်ပွင့် ကလောင်အ မည်ဖြင့် ရူပဗေဒဆိုင်စာ စာပေများရေးသားထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု၊ စာပေဗမ္မာန် စာမူဆုများ ရရှိထားသည့် ဝါရင့်သိပ္ပံဆိုင်ရာ စာရေးဆရာ တစ်ဦး ဖြစ် သည်။
ဆရာရေးသားခဲ့သည့် "ရီလေတီဗီတီသီအိုရီ " စာအုပ်ဖြင့် ၁၉၇၃ ခုနှစ် စာပေဗိမ္မာန်စာမူ ဒုတိယဆုရရှိခဲ့ပြီး "စူပါကြိုးမျှင်လေးသီအိုရီ" စာအုပ်ဖြင့် ၂၀၀၁ ခုနှစ် အမျိုး သား စာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့သည့်အပြင် " အိုင်းစတိုင်း"၊ "ကွမ်တမ်သီအိုရီ"၊ "စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း"၊"M-သီအိုရီနှင့် ကော်စမောလော်ဂျီ" အစရှိသဖြင့် ရူပဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း များစွာ ရေးသားခဲ့သူဖြစ်သည်။
ဆရာဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) နှင့် ဇနီးဖြစ်သူ ဆ ရာမ ဒေါ်ခင်ခင်စန်း သေဆုံးမှုအတွက် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကျောင်းသားဟောင်းများနှင့် စာပေနယ်ပယ် မှ ပညာရှင်များက ဝမ်းနည်းပူဆွေးကြောင်း ရေးသားဖော်ပြမှုများ လုပ်ဆောင်လျက်ရှိသည်။
ဆရာဦးမြင့်ဝေသည် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူ ဆရာမဒေါ်ခင်ခင်စန်းသည်လ ည်း အသက် ၇၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။



သတင်းထောက်ကြီးများကို Credit ပေးပါသည်



Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်