Skip to main content

Posts

Showing posts from September, 2022

Winston Churchill: Blood, Toil, Tears and Sweat

ဝင်စတန်ချာချီ၏ သွေး၊ချွေး၊ အလုပ်နဲ့မျက်ရည် မိန့်ခွန်း မှ အတိုကောက်နုတ်ချက်များ image: Internet ပထမအကြိမ် ဝန်ကြီးချုပ်အဖြစ် အောက်လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့သည်။ I have nothing to offer but "blood, toil, tears and sweat". တိုင်းပြည်အတွက် ဦးဆွေဆံမြည့်ထမ်းဆောင်ပါမည်ဟု ကတိစကားဖြစ်ပါသည်။ "Come then, let us go forward ..." ‌ရှေ့သို့ချီရအောင် လာကြဗျာ" စစ်တွင်းနာမည်ကြီးမိန့်ခွန်းများ  Blood, Toil, Tears and Sweat Their Finest Hour So Much Owed by So Many to So Few This is Not the End We Shall Fight on the Beaches You Do Your Worst, and We will Do Our Best War of the Unknown Warriors. မှတ်ချက်။ English စာလေ့လာနေသူများ အတွက် အထူးလေ့လာသင့်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ကိုးကား- ဆရာကြီး ဒေါက်တာဘိုးလှိုင် ရေးသားသော Classis Speeches in English (မြန်မာပြန် ရှင်းလင်းချက်များ) ချာချီ မိန့်ခွန်း အပြည့်အစုံ ကို link တွင် လေ့လာရန်-  https://winstonchurchill.org/resources/speeches/1940-the-finest-hour/blood-toil-tears-sweat/

Winston Churchill (1874-1965) Kensington (လျှပ်တဖြတ်- မှတ်သားချက် ပြည်တွင်းလူငယ်များ အတွက်သာ)

  image: internet ချာချီ နှင့်မြန်မာပြည် ချာချီဆိုသော နာမည်ကို မြန်မာတွေ အလွန်စိတ်နာဖို့ ကောင်းသည်။  ဝင်စတန်ချာချီ၏ ဖခင် လော့(ဒ)ရင်းဒေါ့(ဖ)ချာချီ  (Lord Randolph Churchill) သည် ၁၈၈၅ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ရာ၌ အဓိက တာဝန်ရှိသူဖြစ်၏။ ထိုအချိန်က သူသည် ဗြိတိန်အစိုးရတွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်၏။သီ ပေါဘုရင်အုပ်ချုပ်သော မြန်မာပြည်ကို စစ်ဆင်ရန် သူက အမိန့်ထုတ်၏။ "ဗိုလ်ချုပ် ပရင်ဒါဂတ် (General Harry Prendergast) အား မန္တလေးကို သိမ်းပိုက်ရန် ညွှန်ကြားပါ" ဟု အိန္ဒိယ ဘုရင်ခံချုပ်ကို သူက ကြေးနန်းနှင့် အမိန့်ပေးသည်။ သီပေါမင်းကို ဖမ်းယူပြီးနောက် "ဝိတိုရိယဘုရင်မကြီးအား ခရစ္စမက်လက်ဆောင်အဖြစ် အထက်မြန်မာနိုင်ငံကို ဆက်သပါ၏၊" ဆိုသော အသုံးအနှုန်းကိုပင် သုံးလိုက်သေး၏။     ချုံကြည့်ရင်တော့ အဖချာချီက မြန်မာပြည်ကို သိမ်းသူ။ သားချာချီက မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် ငြင်းဆန်သူဖြစ်၏။  ဂဠုန်ဦးစော မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် ချာချီထံမှ ကတိတောင်းသည်။ "အင်္ဂလိပ်လက်အောက်မှာ မြန်မာတွေနေရတာ သီပေါမင်းအုပ်ချုပ်တုန်းကထက် ကောင်းနေတယ် မဟုတ်လားကွ" ဟုချာချီက ဦးစောကို မေးသည်ဆို၏