Skip to main content

Posts

Showing posts from September, 2021

International Democracy Day

 အတွေးအခေါ်အယူအဆ မတူဘဲ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်သည်မှာ ဒီမိုကရေစီ မတူတာ ခဏ ဖယ်ပြီး တူတာ ကိုရွေးချယ်လုပ်ကြည့်နိုင်တာကလည်း ဒီမိုကရေစီ ပြည်သူ မဲဆန္ဒ ကိုဥပဒေ နှင့်အညီ လက်ခံကျင့်သုံး သည်မှာလည်း ဒီမိုကရေစီ နိုင်လိုမင်းထက် ဥပဒေမဲ့ မရှိသည့်အရပ်သည့်ပင် ဒီမိုကရေစီ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အတွက် စာတိုတချို့.... DPS/YU @ 2020 www.nyanlinhtet.name  

Theory U (1) to (5)

 Theory U (1) "ပြဿာနာတွေဖြစ်စေတဲ့ အချိန်တုန်းက သိသည့် သိစိတ်အဆင့်မျိုးနဲ့ အဲဒီပြဿာနာ ကို ဖြေရှင်းလို့ မရပါဘူးတဲ့" "We cannot solve our problems with the same thinking we used when we created them." ပြောင်းလဲချင်တဲ့ လူအားလုံးဟာ ခရီးအမျိုးမျိုးမှ ဒီခရီးတစ်မျိုး ကိုလည်းသွားလို့ရပါတယ်။ အဲဒါက "ပစောက်ခရီးကြီး "ပါပဲ။ (ပြောင်းပြန်တော့ မဖတ်နဲ့နော်🤭) တနည်း "theory U"ပါ။ #သုခမိန် www.nyanlinhtet.name

အမှန်တရား

 အမှန်တရား  အမှန်တရားကို ရှာဖွေတဲ့နေရာမှာ  မြင်ရုံ၊ကြားရုံမျှဖြင့် (သို့) မိရိုးဖလာ ဓလေ့ ထုံးစံကာမျှ ဖြင့် လက်မခံလေနဲ့ဦး။ ကောလဟာလ သတင်းကြားရုံဖြင့် (သို့) ရှေးဟောင်း ကျမ်းစာထဲ ရေးသားထားရုံနဲ့ လက်မခံလေနဲ့အုံး။ ကြံစည်စိတ်ကူးမှန်ဆ၍ လည်းကောင်း၊ သူတပါးစွမ်းရည်ကို အထင်ကြီးဖြစ်၍ လည်းကောင်း၊ လက်မခံနဲ့ဦး၊ ငါဆရာသမား ဖြစ်နေလို့ဆိုပြီးတော့လည်း၊ လက်ခံယုံကြည်ခြင်းမပြုနဲ့ဦး... ဤအရာကတော့ ကောင်းတဲ့တရား၊ အပြစ်ကင်းတဲ့ တရား၊ ပညာရှိသူတော်ကောင်းတွေ ချီးမွမ်းတဲ့ တရား စသည့်တို့ကို မိမိ ကိုယ်တိုင် သိမြင်လာသောအခါမှသာ ဒီတရားတွေကိုလက်ခံပြီး မိမိကိုယ်တိုင် ကျင့်သုံးလက်ခံကြည့်ပါ။ လက်တွေ့ကျင့်ကြံ အားထုတ်မှုနဲ့အတူ သင့်အမှန်တရားကို ရှာဖွေပါတော့... Where are the truth.  Do not go by revelatun or tradition. Do not go by rumour; or the sarad scriptures. Do not go by hear say or mere logic. Do not go by bias towards a nation or by another person's seeing ability and do not go by the idea he is our teacher. But when you yourself know that a thing is good, that it is not blanable, that it is praised by the wise and when