Skip to main content

ကလေးတွေကို သပိတ်စစ်ကြောင်းချီခိုင်း သံချပ်အော်ခိုင်းတာ။ လုံးဝကန့်ကွက်ပါတယ်။

 ဗီဒီယိုတစ်ခုတွေ့လိုက်တယ်။ 

ကလေးတွေကို သပိတ်စစ်ကြောင်းချီခိုင်း သံချပ်အော်ခိုင်းတာ။ 

လုံးဝကန့်ကွက်ပါတယ်။ 

ဒီတော်လှန်ရေးအကြောင်း ဒ်ီ ၅ နှစ်အရွယ်ကလေးတွေ မသိပါဘူး။ တော်လှန်ျရးဆိုတာဘာလဲလည်း သိတာမဟုတ်ပါဘူး။ မိဘတွေက မြှောက်ပင့်ပြီး လုပ်ခိုင်းလို့သာလုပ်ရတာပါ။ 


ကလေးတွေလက်ထဲ ဒီတိုင်းပြည်ပြန်ထည့်ဖို့ မိဘတွေက လုပ်ချင်ရင် မိဘတွေ ထွက်လို့ရပါတယ်။ ကလေးတွေကိုတော့ တစားခံအသုံးမချပါနဲ့။ 


တဖက်က လက်နက်ကိုင်ထားသူတွေက ကလေးရယ် ဘာရယ် နားလည်ချင်မှနားလည်ပါမယ်။ နားလည်ပေးသူက အရေအတွက်နည်းပါးပါလိမ့်မယ်။


မိမိကလေးကို တော်လှန်ရေးလုပ်ဖို့ မမြှောက်ပင့်ပါနဲ့။ 

📌 မိမိကလေးက တော်လှန်ရေးနဲ့ ပတ်သက်တာ (ဥပမာ- သံပုံးတီးတာ) ချစ်ဖို့ကောင်းရင် ကိုယ့်ဘာသာပဲကြည့်ပါ။ Video recording လုပ်ပြီး online ပေါ်တင် သတင်းမပေးပါနဲ့ ။  မိမိကိုယ်တိုင် ဒလန် မလုပ်ပါနဲ့။ 


📌 မိမိကလေးကို သပိတ်စစ်ကြောင်း မချီခိုင်းပါနဲ့။ 


📌 ကလေးတွေ လှုပ်ရှားတာ၊ ကူညီတာ စတဲ့ Video တွေတွေ့ရင် ကလေးသူငယ်တွေအတွက် အန္တရာယ်ရှိကြောင်းပြောပြပြီး ချက်ချင်း ဖျက်ခိုင်းပါ။ 

ဒီစာကို ရဲနှင့်စစ်တပ် သက်ဆိုင်သူများ ဖတ်ရှုနေခဲ့ပါလျှင် ကျေးဇူးပြု၍

🌀 ကလေးများမှာအပစ်မရှိကြောင်း မိမိခင်ပွန်း (သို့) ဖခင် (သို့) သက်ဆိုင်သူ ကို ဖျောင်းဖျပေးပါ။ 

🌀 မောင်နှမ သားသမီးချင်း ကိုယ်ချင်းစာပေးဖို့ ဖျောင်းဖျပေးပါ။



Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

"မုတမပါ၊ လင်္ကာမချော"

 မုတမပါ လင်္ကာ မချော "မုသားမပါ လင်္ကာမချော" မဟုတ်ပါ၊ "မုတ မပါ လင်္ကာ မချော" ဖြစ်ပါသည်၊ ပဥ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်သော သိက္ခာပုဒ်ဖြစ်သည်။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကာလ တစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။ (ဖြည့်စွက်- သစ္စာဟောကြားရမည့်သူဖြစ်သောကြောင့်) ဒီကနေ့ မြန်မာ စကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်၊ ထိုစကားမှာ "မုသား မပါ လင်္ကာမချော" ဖြစ်သည်၊ လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဥ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်။ အမှန်မှာ၊ "မုသားမပါ လင်္ကာ မချော" မဟုတ်ပဲ၊ "မုတမပါ လင်္ကာမချော" ဖြစ်သည်။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ ၁) မြင်ခြင်းကို "ဒိဋ္ဌ" ခေါ်သည် ၂)ကြားခြင်းကို "သုတ" ခေါ်သည် ၃) ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊သိရှိခြင်းကို "မုတ" ဆိုသည် မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ၊ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့ သိရှိပြီးမှ ရေးသားလျှင် (သို့) ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြေ...

အပြောင်းအလဲ ကောင်းတွေဖြစ်ဖို့ လိုနေပါပြီ။

  See more @ Theory U (a very very short note) Dec 4, 2024