ကြည့်မြင်တိုင် သား တစ်ယောက်နေ နဲ့ ဒီနေ့ KMD ဖြိုခွင်း ခံရသည့်အတွက် စိတ်မကောင်းပါဘူး။ Gen Y အနေနဲ့ လည်း ပြောချင်ပါတယ်။
အထူးသဖြင့် မြို့နယ်ထဲက လူငယ်တွေ Gen z တွေနဲ့ အသက် မတိမ်းမယိမ်း Gen Y တွေ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး အစရှိသည့် အသိတရားသတိတရား နည်းနည်းလေး ဝင်ဖို့ Facebook မှ အဝေးရောက် ပြောပါရစေ...(သူများ ပြောတိုင်း နားမယောင်ပါစေနဲ့၊ ကျွန်တော် ပြောတိုင်းလည်း စဉ်းစားပေးကြပါအုံး)
ဒီမိုကရေစီ ဆိုပြီး မိမိ လိုရာ အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ လက်ရှိခြေဥ ကို လက်ခံပြီး ဖြစ်သဖြင့် တည်ဆဲဥပဒေ တိုင်း နားလည်ထားရပါမယ်။
စစ်အစိုးရဆိုတာ ဘာလဲ။
(၁) စစ်အစိုးရ ဆိုတာ အရပ်ဘက် လူမူရေးအဖွဲ့အစည်းများ၊ အသင်းအဖွဲ့တွေကို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်သူများ အဖြစ် ရှုမြင်လေ့ရှိပါတယ်။
ယခင်ဦးသိန်းစိန် အစိုးရနှင့် ဒေါ် အောင်ဆန်းစုကြည် အစိုးရသည့် လည်း စစ်အစိုးရ၏ မူဝါဒ နှင့် လုံးဝ ကွာခြားသလို ယခု စစ်ကောင်စီ သည့်လည်း အထက်ပါ အပြုမှုမျိုး ဆောင်ရွက် ရန်အကြောင်းအရင်း မတွေ့ရသေးပေ။
ဒါကြောင့် စာဖတ်ပါ၊ လေ့လာကြပါအုံးခင်ဗျာ...
ဉာဏ်လင်းထက်
နိုင်ငံရေး သိပ္ပံ ကျောင်းသား (ရန်ကုန်တက္ကသိုလ်)
Batch-6
Comments
Post a Comment