ကျွန်တော် ဉာဏ်လင်းထက် သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ကို လိုလားသူ တစ်ယောက်ဖြစ်ပါသည်။
လူညီလျှင် 'ဤ' ကို 'ကျွဲ' လို့ ခေါ်လို့မရပါ။
သင့် လမ်းမှာ 'နေအိမ် ဆယ်လုံး' ရှိလို့ 'ကိုး အိမ်' ညီနေလျှင်တောင် ဒီတစ်အိမ်ရှိနေသည့်အတွက် Minority rights ကို ကြည့်မြင်ရမည်။ အများသူဌာဆိုင်သည့်နေရာ မှာ ထင်တိုင်းကြဲခြင်း ဖြစ်နေသည့်ဒီမိုကရေစီ ယဉ်ကျေးမှုကို မလိုလားပါ။
ထို တစ်အိမ် သည်လည်း ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်နေသည့်ကို သတိချပ်ရန် လိုပါသည်။
ဒီမိုကရေစီ ဆိုသည်မှာ အများစု ဆန္ဒမဲ ဖြင့် ဆောင်ရွက်ကျသော်လည်း Minority rights, inclusiveness နှင့် Voting များပါဝင်နေသည့်ကို သိရှိရပါမည်။
အခါအခွင့် ပြန်ကြရောက်လာသည့်အချိန် တွင် ကျွန်တော်သည် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ အင်အားစု ကိုသာ ထောက်ခံအားပေးသွားပါမည်။
လက်ရှိ နိုင်ငံရေးစနစ် အတွက် မှတ်ချက် မပေးလို့ပါ။
ကျွန်တော် ၏ ပညာရပ်ဆိုင်ရာ ပံပိုးမှုများကို ပေးထားသည့် ကတိအတိုင်း ဖြင့်သော်လည်းကောင်း၊ တည်ဆဲ ဥပဒေ၊ ကျင့်ဝတ် သိက္ခာ နှင့်အညီ ဆောင်ရွက်နေပါအုံးမည်။
"မိဘ ကိုချစ်လျှင် မျှော်လင့်ချက်မပေးပါနှင့်၊ လက်တွေ့ ကြိုးစားပါ"
Comments
Post a Comment