လူငယ်တွေ စာများများဖတ်ဖို့ လိုလာပြီ။ ပထမ ဦးဆုံး ပြောချင်တာက လူငယ်တွေ ဒီမိုကရေစီ အရေး စိတ်အား တက်ကြွမှုဟာ အလားအလာကောင်းပါတယ်။ ကျွန်တော် တို့တွေဟာ အတွေ့အကြုံ ကောင်းတွေရှိပြီး သွားပါပြီ။ သင့်အကို၊ဦးလေး၊အမေ အဖေတွေ မေးကြည့်ပေးကြပါအုံး။ အာဏာရပါတီ ကို အစိုးရက အသိအမှတ်မပြုတော့။ ဘာဖြစ်လဲ... #ပြည်သူ့လွှတ်တော်ဖွဲ့ပြီ။ သူတို့ ဘာလုပ်လဲဆိုတော့ (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)CRPP ကို၁၉၉၈ စက်တင်ဘာလ ၁၆ရက်နေ့မှာ ဖွဲ့ခဲ့တယ်။ အခုနှစ်ဆို (နောက်ထပ် တစ်ကြိမ်) လမ်းအိုအတိုင်းဖွဲ့ထားခြင်းပါပဲ။ သမိုင်းမှာ ဘာဆက်ဖြစ်လဲဆိုတော့ တည်ဆဲအစိုးရ နှင့် ဆက်ဆံရေး ပိုမိုတင်းမာသွားစေခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၀-၂၀၀၁-၂၀၀၂ ခင်ဗျားတို့ပြောနေကြတဲ့ အမှောင်ကမ္ဘာမှာ နှစ်ဖက်အဖွဲ့အစည်းကြား ဆက်ဆံရေးတွေ အမြင့်ဆုံး တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ #UN လာပြီ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို အမေဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ပေးပြီး ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့တယ်။ ၂၀၀၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှ ၂၀၀၂ ခုနှစ်ကုန်အထိကုလသမဂ္ဂ ကိုယ်စားလှယ် ကိုးကြိမ်တိုင် တိုင်လာရောက်ခဲ့ဖူးတယ်။ အခုလည်း ကိုဗစ်ကာလ ဖြစ်လို့ ...
21st Century Skills (၂၁ရာစု၏ ကျွမ်းကျင်မှုများ)