Skip to main content

Posts

Showing posts from 2021

International Democracy Day

 အတွေးအခေါ်အယူအဆ မတူဘဲ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်သည်မှာ ဒီမိုကရေစီ မတူတာ ခဏ ဖယ်ပြီး တူတာ ကိုရွေးချယ်လုပ်ကြည့်နိုင်တာကလည်း ဒီမိုကရေစီ ပြည်သူ မဲဆန္ဒ ကိုဥပဒေ နှင့်အညီ လက်ခံကျင့်သုံး သည်မှာလည်း ဒီမိုကရေစီ နိုင်လိုမင်းထက် ဥပဒေမဲ့ မရှိသည့်အရပ်သည့်ပင် ဒီမိုကရေစီ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အတွက် စာတိုတချို့.... DPS/YU @ 2020 www.nyanlinhtet.name  

Theory U (1) to (5)

 Theory U (1) "ပြဿာနာတွေဖြစ်စေတဲ့ အချိန်တုန်းက သိသည့် သိစိတ်အဆင့်မျိုးနဲ့ အဲဒီပြဿာနာ ကို ဖြေရှင်းလို့ မရပါဘူးတဲ့" "We cannot solve our problems with the same thinking we used when we created them." ပြောင်းလဲချင်တဲ့ လူအားလုံးဟာ ခရီးအမျိုးမျိုးမှ ဒီခရီးတစ်မျိုး ကိုလည်းသွားလို့ရပါတယ်။ အဲဒါက "ပစောက်ခရီးကြီး "ပါပဲ။ (ပြောင်းပြန်တော့ မဖတ်နဲ့နော်🤭) တနည်း "theory U"ပါ။ #သုခမိန် www.nyanlinhtet.name

အမှန်တရား

 အမှန်တရား  အမှန်တရားကို ရှာဖွေတဲ့နေရာမှာ  မြင်ရုံ၊ကြားရုံမျှဖြင့် (သို့) မိရိုးဖလာ ဓလေ့ ထုံးစံကာမျှ ဖြင့် လက်မခံလေနဲ့ဦး။ ကောလဟာလ သတင်းကြားရုံဖြင့် (သို့) ရှေးဟောင်း ကျမ်းစာထဲ ရေးသားထားရုံနဲ့ လက်မခံလေနဲ့အုံး။ ကြံစည်စိတ်ကူးမှန်ဆ၍ လည်းကောင်း၊ သူတပါးစွမ်းရည်ကို အထင်ကြီးဖြစ်၍ လည်းကောင်း၊ လက်မခံနဲ့ဦး၊ ငါဆရာသမား ဖြစ်နေလို့ဆိုပြီးတော့လည်း၊ လက်ခံယုံကြည်ခြင်းမပြုနဲ့ဦး... ဤအရာကတော့ ကောင်းတဲ့တရား၊ အပြစ်ကင်းတဲ့ တရား၊ ပညာရှိသူတော်ကောင်းတွေ ချီးမွမ်းတဲ့ တရား စသည့်တို့ကို မိမိ ကိုယ်တိုင် သိမြင်လာသောအခါမှသာ ဒီတရားတွေကိုလက်ခံပြီး မိမိကိုယ်တိုင် ကျင့်သုံးလက်ခံကြည့်ပါ။ လက်တွေ့ကျင့်ကြံ အားထုတ်မှုနဲ့အတူ သင့်အမှန်တရားကို ရှာဖွေပါတော့... Where are the truth.  Do not go by revelatun or tradition. Do not go by rumour; or the sarad scriptures. Do not go by hear say or mere logic. Do not go by bias towards a nation or by another person's seeing ability and do not go by the idea he is our teacher. But when you yourself know that a thing is good, that it is not blanable, that it is praised by the wise and when

နီတိ (၃)မျိုး

 နီတိ (၃)မျိုး တစ်ခါတစ်ရံမှာ ပြဋ္ဌာန်းထုတ်ပြန်သည့် ဥပဒေ ၌လည်းကောင်း၊လက်စွဲများ၌ လည်းကောင်း၊ ဖော်ပြချက်များ နှင့် တိုက်ရိုက် အံမဝင်နိုင်သော အဖြစ်အပျက် ဖြစ်ပွားမှုများ ဖြစ်ပေါ် တတ်ပါသည်။ သို့မဟုတ် အဆုံးအဖြတ်အား ပိုမို အာနိသင် ထက်မြက်စေနိုင်သည့် သဘာဝကျစေသည့် အကိုးအကားများ လိုအပ်လာသည်များ ရှိလာတတ်ပါသည်။  ထိုအခါမျိုးတွင် ကိုးကားလေ့ရှိသော နီတိ စကားများရှိပါသည်။ တချို့က ယင်းတို့ကို ဆိုရိုးစကား ဟုလည်း သုံးနှုန်း ကြပါသည်။  အုပ်ချုပ်ရေး နီတိများ၊ တရားစီရင်ရေး နီတိများ ဟုဆိုကြပါသည်။ အောက်ဖော်ပြပါ နီတိ (၃)မျိုးသည် မြန်မာ့အစဉ်အလာ စနစ်များ ဖြစ်သည်။ ၁။ ဓမ္မနီတိ (ဘုရားဟောကျမ်း) ၂။ လောကနီတိ (လူတို့သုံးစွဲရာသောကျမ်း) ၃။ ရာဇနီတိ(မင်းတို့ သုံးစွဲရာသောကျမ်း) မိမိ ဖတ်ရှုမိသည့်များကို ပြန်လည်မျှဝေပါသည်။ ၂၀၂၁ ဇူလိုင် ၁၈  www.nyanlinhtet.name

မြေစာပင်တွေမဟုတ်ဘူး

 မြေစာပင်တွေ မဟုတ်ဘူး။ ငါတို့က ကျောင်းသားတွေ... We aren't the victims... We are the students.... One pencil can change the world.... ၂၀၂၁/မေ/၁၉ www.nyanlinhtet.name

လူသား တစ်ယောက်ပါ

#လက်ရှိ #လက်နက် ကိုင်အဖွဲ့အစည်းတွေဟာ  လုပ်ရပ်ပေါ် ကြည့်ပြီး ဆောင်ရွက်တယ်။ #အရပ်ဖက် ပါတီ တွေဟာ အနာဂတ်ကာလ အတွက် ပြောဆိုပြီး ဆောင်ရွက်တယ်။ နှစ်ဖက် စလုံးက အတိတ်ကို အမျိုးမျိုး ပုံဖော် ဖွဲ့ဆို မြင်ကြတယ်။ ဝေဖန်ပိုင်းခြားဆင်ချေ နိုင်သည့် ဉာဏ်ရည်  ရှိသူများ ဟာ ကာလ (သုံး)ရပ် စလုံးမှာ အကျိုးဖြစ်ထွန်းရှင်သန်နိုင်တယ်။  တစ်နည်း အားဖြင့် "လူသား" တစ်ယောက် လို့ သက်သေ ပြနိုင်တယ်။ ၂၇/မတ/၂၀၂၁  ၉နာရီ၄၀မိနစ် ဉာဏ်လင်းထက်

Myanmar ICT Sector ကို နိုင်ငံရေး တွေကြားက ဖောက်ထွက် မေးမြန်းနိုင်သည့်

  Myanmar ICT Sector ကို နိုင်ငံရေး တွေကြားက ဖောက် ထွက် မေးမြန်းနိုင်သည့် အမ မြကြူးသင်း (Ame) ကို အသိအမှတ်ပြု ၍ ကျွန်တော် ၏ YouTube channel တွင် တင်ဆက်ပေးထားပါတယ်။ April 4/2021 www.nyanlinhtet.name www.facebook.com/nyanlinhtet.name

MNHRC (အခြေခံ လူအခွင့်အရေး သင်တန်း တက်ရောက်စဉ်)

  2 Apr 2019 မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင် ဆရာ ဦးယုလွင်အောင်တို့နှင့် အတူ သင်တန်းအပြီး မင်္ဂလာ နံနက်ခင်းမှာ တွေ့ဆုံခွင့်ရ ခဲ့စဉ် #MNHRC

The short explanation about civil war (April 3/20201)

 

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

ပြင်ရ ခက်ပြီး အလိုက်အထိုက်နေနိုင်ခြင်းဖြင့် အောင်မြင်နိုင်သည့် Law (၂) မျိုး

` Mother Law Mother in Law  ပုံ Pen ၂၀၂၁/မတ်/၃၀

ကျွန်တော် တော်လှန်မည့် စိတ်ဓာတ် (သုံး)မျိုး

ကျွန်တော် တော်လှန်မည့် စိတ်ဓာတ် (သုံး)မျိုး ကလေး သူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားပါမယ်။ ပညာ တော်လှန် ရေး တက်ကြွလှုပ်ရှားပါမယ်။ ဥပဒေ နှင့် အညီ စာရိတ္တိ တော်လှန် ရေး တက်ကြွလှုပ်ရှားပါမယ်။ ၂၀၂၁/မတ်/၃  ၅နာရီ၁၀မိနစ်

၂၀၀၅-ငယ်ငယ်တုန်းက သိခဲ့ရတယ်။ ကြားခဲ့ရတယ်။ ပြောခဲ့ကြတယ်။

 ငယ်ငယ်တုန်းက သိခဲ့ရတယ်။ ကြားခဲ့ရတယ်။ ပြောခဲ့ကြတယ်။ တခွန်းတည်း စကားက တော့ " ဒါကြီးက Policy ကား " ပါ ဆိုတာပါပဲ။ အဲဒီ ဘဝမျိုး အခုတကြိမ် ထက်ရောက်တော့မယ်လို့ မြင်နေပါတယ်။ ကျွန်တော် တို့ဟာ အမျိုးသား အကျိုးစီးပ္ပား ဆိုသည့် "ဒို့တာဝန် အရေးသုံးပါးကို" မသိသူများ သလို၊ တိုင်းပြည်ကို အလုံးစုံပျက်ပြား အောင် တွန်းပို့ ပြောဆို၊ပြုမှု၊ ကြံဆောင်လာကြသည့်ကို ၂၀၂၀ ရွေးကောက်ပွဲ အပြီး "လယ်ပြင်မှာ ဆင်သွားသလို" ထင်းထင်းရှားရှား သိလိုက်ရပါပြီ။ ကျွန်တော်တို့ တွေ့ လက်တွေ့လေ့လာ ကြိုးစားပူးပေါင်းဖို့လိုပြီ။ ၂၀၂၁/မတ်/၃

ပစ္စည်းတခုအပေါ် တန်ရာတန်ကြေးထက် လျော့ပေါ့၍ ဖြစ်စေ၊ အချောင်ရ၍ဖြစ်စေ၊

  ပစ္စည်းတခုအပေါ် တန်ရာတန်ကြေးထက် လျော့ပေါ့၍ ဖြစ်စေ၊ အချောင်ရ၍ဖြစ်စေ၊ မိမိ လက်ဝယ်ရရှိထားသော်လည်း ဥပဒေနှင့် အညီ မရှိသော ပစ္စည်းတစ်ခု ၏ တန်ဖိုးမှာ မည်သို့မျှ မြင့်တက်မှုမရှိနိုင်သဖြင့် မိမိရိုးရိုးသားသား ရှာဖွေ ကြိုးပမ်း၍ ရရှိသော ငွေကြေးတို့ဖြင့် ပြောင်းလဲရရှိထားသည့် ပစ္စည်းသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်နေပါက အချိန်မရွေး လက်မထောင်၍ ပြောင်းလဲဖြစ်ပေါ်လာမည့် အချိန်အခါ၊ နေရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ အမျိုးမျိုး မည်မျှနှင့်ပင် ပြောင်းလဲစေကာမှု စိုးရိမ်စရာ မရှိနိုင်ပါ။ ကိုးကား - ဆရာဦးကိုကို (တရား လွှတ်တော် ရှေ့နေကြီး) ဦးမြင့်လွင်၊ စာချုပ်စာတမ်း အမျိုးမျိုး ချုပ်ဆိုနည်းလမ်းညွှန်၊ (တရားလွှတ်တော် ရှေ့နေ)

ကလေးတွေကို သပိတ်စစ်ကြောင်းချီခိုင်း သံချပ်အော်ခိုင်းတာ။ လုံးဝကန့်ကွက်ပါတယ်။

 ဗီဒီယိုတစ်ခုတွေ့လိုက်တယ်။  ကလေးတွေကို သပိတ်စစ်ကြောင်းချီခိုင်း သံချပ်အော်ခိုင်းတာ။  လုံးဝကန့်ကွက်ပါတယ်။  ဒီတော်လှန်ရေးအကြောင်း ဒ်ီ ၅ နှစ်အရွယ်ကလေးတွေ မသိပါဘူး။ တော်လှန်ျရးဆိုတာဘာလဲလည်း သိတာမဟုတ်ပါဘူး။ မိဘတွေက မြှောက်ပင့်ပြီး လုပ်ခိုင်းလို့သာလုပ်ရတာပါ။  ကလေးတွေလက်ထဲ ဒီတိုင်းပြည်ပြန်ထည့်ဖို့ မိဘတွေက လုပ်ချင်ရင် မိဘတွေ ထွက်လို့ရပါတယ်။ ကလေးတွေကိုတော့ တစားခံအသုံးမချပါနဲ့။  တဖက်က လက်နက်ကိုင်ထားသူတွေက ကလေးရယ် ဘာရယ် နားလည်ချင်မှနားလည်ပါမယ်။ နားလည်ပေးသူက အရေအတွက်နည်းပါးပါလိမ့်မယ်။ မိမိကလေးကို တော်လှန်ရေးလုပ်ဖို့ မမြှောက်ပင့်ပါနဲ့။  📌 မိမိကလေးက တော်လှန်ရေးနဲ့ ပတ်သက်တာ (ဥပမာ- သံပုံးတီးတာ) ချစ်ဖို့ကောင်းရင် ကိုယ့်ဘာသာပဲကြည့်ပါ။ Video recording လုပ်ပြီး online ပေါ်တင် သတင်းမပေးပါနဲ့ ။  မိမိကိုယ်တိုင် ဒလန် မလုပ်ပါနဲ့။  📌 မိမိကလေးကို သပိတ်စစ်ကြောင်း မချီခိုင်းပါနဲ့။  📌 ကလေးတွေ လှုပ်ရှားတာ၊ ကူညီတာ စတဲ့ Video တွေတွေ့ရင် ကလေးသူငယ်တွေအတွက် အန္တရာယ်ရှိကြောင်းပြောပြပြီး ချက်ချင်း ဖျက်ခိုင်းပါ။  ဒီစာကို ရဲနှင့်စစ်တပ် သက်ဆိုင်သူများ ဖတ်ရှုနေခဲ့ပါလျှင် ကျေးဇူးပြု၍ 🌀 ကလေးများမှာအပစ်မရှိကြောင်း မိမိခင်ပွန်

စိတ်ချမ်းသာမှု

 စိတ်ချမ်းသာမှုကို ဆက်တိုက်လိုက်ရှာလေလေ၊ မကျေနပ်ဖြစ်လေလေ။  လိုက်ရှာနေကတည်းကိုက ကိုယ့်မှာမရှိဘူးလို့ လက်ခံထားလို့

Personal Statement (1/2021)

ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း၊ ဆရာသမားအပေါင်းတို့ အား တင်ပြလိုသည်။ (၁) ကိုဉာဏ်လင်းထက် ၏ မိန်းမ သည် PPP ပါတီ ကလား။ လုံးဝ မှားယွင်းပြီး အခြေ အမြစ် မရှိသည့် စွပ်စွဲချက် တစ်ခုဖြစ်ပါသည်။ ကျွန်တော် ဇနီးသည် သည် အိမ်ရှင်မကောင်း တစ်ယောက်၏ တာဝန် မှ တပါး အခြား ပါတီနိုင်ငံရေး ကိစ္စများ တွင် လုံးဝ (လုံးဝ) ပါဝင် ပတ်သက်ခြင်းမျိုး မရှိကြောင်း ဖြေရှင်းလိုပါသည်။ (၂) ကိုဉာဏ် လင်းထက်က နိုင်ငံရေး ပါတီ တစ်ခုခုရဲ့ ပါတီဝင်လား။             အထက်ပါ ပြောဆိုမှုများသည်လည်း လုံးဝ (လုံးဝ) မှားယွင်းနေပါသည်။ ·          ထိုပြင် ကိုဉာဏ်လင်းထက်သည် လူမှုရေးအသင်းအဖွဲ့များတွင် သက်ဆိုင်ရာ ပညာရပ်ပြန့်ပွားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း “ အသင်းအဖွဲ့များသည် ပါတီ ( သို့)ပါတီ image များ နှင့် ကင်းကင်း ရှင်းရှင်း ရှိသင့်ကြောင်း”ကို ကိုယ်ကျိုး မဖက်/ငဲ့ ရှေ့မှ နေ၍ လှုမှုရေး အသင်းအဖွဲ့တစ်ခုကို တွန်းတွန်းတိုက်တိုက် ကြိုးစားတင်ပြဖူးခဲ့သည့် ကို နီးစပ်ရာ အသိုင်းအဝိုင်းတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ ( ၃) ကိုဉာဏ်လင်းထက် သည် “ကြားနေ လိုလို ​ေ-ာမ နေလိုလို” စကားများ ပြောကြားနေသည်။       အထက်ပါ ပြောဆိုမှုသည် Personal

ကြည့်မြင်တိုင် 21/March/6

  ကြည့်မြင်တိုင် သား တစ်ယောက်နေ နဲ့ ဒီနေ့ KMD ဖြိုခွင်း ခံရသည့်အတွက် စိတ်မကောင်းပါဘူး။ Gen Y အနေနဲ့ လည်း ပြောချင်ပါတယ်။ အထူးသဖြင့် မြို့နယ်ထဲက လူငယ်တွေ Gen z တွေနဲ့ အသက် မတိမ်းမယိမ်း Gen Y တွေ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး အစရှိသည့် အသိတရားသတိတရား နည်းနည်းလေး ဝင်ဖို့ Facebook မှ အဝေးရောက် ပြောပါရစေ...(သူများ ပြောတိုင်း နားမယောင်ပါစေနဲ့၊ ကျွန်တော် ပြောတိုင်းလည်း စဉ်းစားပေးကြပါအုံး) ဒီမိုကရေစီ ဆိုပြီး မိမိ လိုရာ အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ လက်ရှိခြေဥ ကို လက်ခံပြီး ဖြစ်သဖြင့် တည်ဆဲဥပဒေ တိုင်း နားလည်ထားရပါမယ်။ စစ်အစိုးရဆိုတာ ဘာလဲ။ (၁) စစ်အစိုးရ ဆိုတာ အရပ်ဘက် လူမူရေးအဖွဲ့အစည်းများ၊ အသင်းအဖွဲ့တွေကို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်သူများ အဖြစ် ရှုမြင်လေ့ရှိပါတယ်။ ယခင်ဦးသိန်းစိန် အစိုးရနှင့် ဒေါ် အောင်ဆန်းစုကြည် အစိုးရသည့် လည်း စစ်အစိုးရ၏ မူဝါဒ နှင့် လုံးဝ ကွာခြားသလို ယခု စစ်ကောင်စီ သည့်လည်း အထက်ပါ အပြုမှုမျိုး ဆောင်ရွက် ရန်အကြောင်းအရင်း မတွေ့ရသေးပေ။ ဒါကြောင့် စာဖတ်ပါ၊ လေ့လာကြပါအုံးခင်ဗျာ... ဉာဏ်လင်းထက် နိုင်ငံရေး သိပ္ပံ ကျောင်းသား (ရန်ကုန်တက္ကသိုလ်) Batch-6

အာဏာရပါတီ ကို တပ်မတော် အသိအမှတ်မပြုတော့

  လူငယ်တွေ စာများများဖတ်ဖို့ လိုလာပြီ။ ပထမ ဦးဆုံး ပြောချင်တာက လူငယ်တွေ ဒီမိုကရေစီ အရေး စိတ်အား တက်ကြွမှုဟာ အလားအလာကောင်းပါတယ်။ ကျွန်တော် တို့တွေဟာ အတွေ့အကြုံ ကောင်းတွေရှိပြီး သွားပါပြီ။ သင့်အကို၊ဦးလေး၊အမေ အဖေတွေ မေးကြည့်ပေးကြပါအုံး။ အာဏာရပါတီ ကို အစိုးရက အသိအမှတ်မပြုတော့။ ဘာဖြစ်လဲ... #ပြည်သူ့လွှတ်တော်ဖွဲ့ပြီ။ သူတို့ ဘာလုပ်လဲဆိုတော့ (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)CRPP ကို၁၉၉၈ စက်တင်ဘာလ ၁၆ရက်နေ့မှာ ဖွဲ့ခဲ့တယ်။ အခုနှစ်ဆို (နောက်ထပ် တစ်ကြိမ်) လမ်းအိုအတိုင်းဖွဲ့ထားခြင်းပါပဲ။ သမိုင်းမှာ ဘာဆက်ဖြစ်လဲဆိုတော့ တည်ဆဲအစိုးရ နှင့် ဆက်ဆံရေး ပိုမိုတင်းမာသွားစေခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၀-၂၀၀၁-၂၀၀၂ ခင်ဗျားတို့ပြောနေကြတဲ့ အမှောင်ကမ္ဘာမှာ နှစ်ဖက်အဖွဲ့အစည်းကြား ဆက်ဆံရေးတွေ အမြင့်ဆုံး တင်းမာမှုတွေ ဖြစ်ခဲ့တယ်။  #UN လာပြီ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို အမေဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ပေးပြီး ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့တယ်။ ၂၀၀၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှ ၂၀၀၂ ခုနှစ်ကုန်အထိကုလသမဂ္ဂ ကိုယ်စားလှယ် ကိုးကြိမ်တိုင် တိုင်လာရောက်ခဲ့ဖူးတယ်။ အခုလည်း ကိုဗစ်ကာလ ဖြစ်လို့ Video con

ENTRANCE EXAMINATION FOR DIPLOMA IN POLITICAL SCIENCE NOVEMBER 2018 (DPS @ YU)_Fill in the blanks

  Fill in the blanks with the correct words. (1) The five permanent members of the United Nations Security Council are China, Russia, The United State,...................and .................... (2) .................Policy is the current foreign policy of United States under the Donald Trump administration. (3) The United Kingdom held the referendum to withdraw from European Union in June ............ (4) The Second World War was a global war originating in Europe that lasted from ...............to ........... (5) .............determines the separation of power between central government and local government in a Federal State.   University of Yangon Department of International Relations Entrance Examination for Diploma in Political Science  November 2018

Entrance Examination for Diploma in Political Science November 2018 (DPS @ YU)

(A) A nation (B) A state (C) A territory (D) An association is a group of people who consider themselves to be ethnically and culturally related with each other. The United Kingdom and the United States are  the most frequently cited examples of states with (A) dominant party system (B) multiparty system (C) two party system (D) one party system. One of the basic tangible factors of power is (A) leadership (B) national spirit (C) natural resources (D) identity.    The constitution of USA is (A) rigid (B) Flexible (C) unwritten (D) uncodified constitution which lies in its special amending process. (A) Constitution (B) Sovereignty (C) Election (D) Political part is the principle source of recruting politicians.  University of Yangon Department of International Relations Entrance Examination for Diploma in Political Science  November 2018

စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ကို လိုလားသူ

ကျွန်တော် ဉာဏ်လင်းထက် သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ကို လိုလားသူ တစ်ယောက်ဖြစ်ပါသည်။ လူညီလျှင် 'ဤ' ကို 'ကျွဲ' လို့ ခေါ်လို့မရပါ။ သင့် လမ်းမှာ 'နေအိမ် ဆယ်လုံး' ရှိလို့ 'ကိုး အိမ်' ညီနေလျှင်တောင် ဒီတစ်အိမ်ရှိနေသည့်အတွက် Minority rights ကို ကြည့်မြင်ရမည်။ အများသူဌာဆိုင်သည့်နေရာ မှာ ထင်တိုင်းကြဲခြင်း ဖြစ်နေသည့်ဒီမိုကရေစီ ယဉ်ကျေးမှုကို မလိုလားပါ။ ထို တစ်အိမ် သည်လည်း ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်နေသည့်ကို သတိချပ်ရန် လိုပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ အများစု ဆန္ဒမဲ ဖြင့် ဆောင်ရွက်ကျသော်လည်း Minority rights, inclusiveness နှင့် Voting များပါဝင်နေသည့်ကို သိရှိရပါမည်။ အခါအခွင့် ပြန်ကြရောက်လာသည့်အချိန် တွင် ကျွန်တော်သည် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ အင်အားစု ကိုသာ ထောက်ခံအားပေးသွားပါမည်။ လက်ရှိ နိုင်ငံရေးစနစ် အတွက် မှတ်ချက် မပေးလို့ပါ။ ကျွန်တော် ၏ ပညာရပ်ဆိုင်ရာ ပံပိုးမှုများကို ပေးထားသည့် ကတိအတိုင်း ဖြင့်သော်လည်းကောင်း၊ တည်ဆဲ ဥပဒေ၊ ကျင့်ဝတ် သိက္ခာ နှင့်အညီ ဆောင်ရွက်နေပါအုံးမည်။ "မိဘ ကိုချစ်လျှင် မျှော်လင့်ချက်မပေးပါနှင့်၊ လက်တွေ့ ကြိုးစားပါ"

အရေးကြီးလျှင် သွေးစည်း ကြတယ်ဆိုတာ

အရေးကြီးလျှင် သွေးစည်း ကြတယ်ဆိုတာ တကယ်တော့ ဝါဒဖြန့်နေသူတွေရဲ့ ဂျင်းပါ။ အချိန်တိုင်း သွေးစည်းညီညွတ်နေရပါမယ်။ ညီညွတ်တယ်ဆိုတာ "အမြင်တူသည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ များသည် ဖြစ်စေနည်းသည် ဖြစ်စေ၊ သင့် ကူးလူးဆက်ဆံနိုင်ရပါမယ်၊ ရပ်တည်ချက် မှန်နေရပါမယ်၊ တည်ဆဲ ဥပဒေ ကိုလိုက်နာ နိုင်ရပါမယ်၊ တာဝန်ယူမှု/ခံ မှုဖြင့် ပြုပြင် ပြောင်းလွဲနိုင်ရပါမယ်။ ဒါ ညီညွတ်ခြင်းရဲ့ အဓိပ္ပာယ်ပါပဲ။ (တစ််ဖွဲ့တစ်သင်းတည်း အင်အားများပြားနေခြင်းဟာ ညီညွတ် ခြင်းဆိုတာ ထက် "ပုလင်းတူ ဗူးဆို့"နေတာ ပါ) ခင်ဗျား တို့ကျွန်တော် တို့ ခေါင်းဆောင် တွေ ဒို့နိုင်ငံရဲ့ အဓိက လိုအပ်နေတာ ဟာ "ငြိမ်းချမ်ရေး" ပဲ ဖြစ်ပါတယ်။ တကယ့်တော့ ခင်ဗျား တို့ ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေကို ချီးမြောက်နေရင်နဲ့ (၁၀)နှစ်တာ ကာလ ကိုရောက်ရှိလို့လာပါပြီ။ "လူတိုင်းဟာ မိမိခေါင်းဆောင်ကြီးတွေကို ချီးမြောက်ချင်တယ်၊ သူတို့အကြောင်းပြောပြီး ဂုဏ်ယူချင်နေယုံ က များနေတယ်လို့ မြင်တယ်။" ပုံလေး တစ်ပုံ တယ်။ ကျွန်တော် မြင်သလိုဘဲ ခင်ဗျားတို့ လုပ်ကြတယ်။ ပုံတည်းက ခင်ဗျား တို့ တားဆီးထားသို ထားတဲ့ ပစ္စည်းပစ္စရာ တွေကို ခေါင်းဆောင် ကြီးက လာဖ

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရူံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)"

 နိုင်ငံရေး သိပ္ပံလေ့လာနေသူ ကျောင်းသားအဖို့ လေ့လာဖတ်ရူသင့်သည့်စာအုပ်ကောင်းတစ်အုပ်ပါ။ စာအုပ်နာမည် က - "မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရူံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)" စာအုပ်မှာ * အမျိုးသားညီလာခံ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ထွက်ခွါခြင်း ** 2008 ကြောင့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ် အခက်အခဲ အချက်နှစ် ချက် စသည့် လေ့လာ ဖတ်စရာများစွာ ရှိနေပါသည်။ အခါအခွင့်သင့်လျှင် လေ့လာကြပါကုန်.... ဉာဏ်လင်းထက် (နိုင်ငံရေးသိပ္ပံ ရန်ကုန်တက္ကသိုလ်)