Skip to main content

Technology Committee at MCPA-Yangon

My new role at Myanmar Computer Professionals Association (Yangon)


A Chairperson of Technology
(Burmese Language)
ကွန်ပျူတာပညာရှင် အသင်းမှာ နည်းပညာကော်မတီ ဥက္ကဌ အနေဖြင့် တာဝန်ယူရသည့် လုပ်ငန်းတာဝန်များကိုဖော်ပြပေးလိုက်သည်..
နည်းပညာကော်မတီသည် နိုင်ငံတကာ IT Skills standard များကို လေ့လာ၍ မိမိတို့နှင့်သင့်တော်သော နည်းပညာဆိုင်ရာစံနှုန်းများကို ရေးဆွဲ အကြံပြုခြင်း၊ IT နည်းပညာ သစ်များနှင့် အသုံးချနယ်ပယ်သစ်များကို လေ့လာရန်၊ အသင်းဝင်များ၏ နည်းပညာဆိုင်ရာ လေ့လာအသုံးချမူ ပိုမိုကျယ်ပြန့်မြင့်မားလာစေရန် ICT Reasearch & Development Center တစ်ခုထူထောင်နိုင်ရေးအတွက် လုပ်ဆောင်ခြင်း၊ ပြင်ပအဖွဲ့အစည်းမှ ပညာရပ်ဆိုင်ရာ အကြံပြုချက်တောင်းခံမူများ အပေါ် ဆွေးနွေးအကြံပြုပေးခြင်း၊ သက်ဆိုင်ရာ IT နည်းပညာ နယ်ပယ်များ အလိုက် နည်းပညာ ပြန့်ပွားရေး ကို ပံံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းသားများ၏ နည်းပညာ လေ့လာမူဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းဝင်များ၏ နည်းပညာ လက်တွေ့အသုံးချမူ တိုးတက်လာစေရန် ရည်ရွယ်၍ ICT-Lab တည်ထောင်ဖွင့်လှစ်လျှပ်ရှိခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ MCPA ICT Lab တွင် computer system များ၊ computer network equipment များနှင့် အထာက်အကူပြုဆက်စပ်ပစ္စည်းများကို ပိုမိုစုံလင်စေရန် ဆောင်ရွက်လျက်ရှိပြီး လက်တွေ့စမ်းသပ်လေ့ကျင့်မူများ နှင့် ICT ဆိုင်ရာ သင်တန်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။ လက်တွေ့စမ်းသပ်လေ့ကျင့်မူ
Class များတွ အသင်းဝင်များအနေဖြင့် သတ်မှတ် သင်တန်းကြေး၏ ၅၀% ဖြင့် လက်တွေ့စမ်းသပ်နိုင်စေရန် စီစဉ်ပေးလျက်ရှိပါသည်။

ဉာဏ်လင်းထက်
Chair/ဥက္ကဌ
နည်းပညာကော်မတီ (2)
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း
www.nyanlinhtet.name


In English Language

-Develop the IT skills standard for computer industry
-Advise the IT solution and training to government and brother associations.
-Mission to develop a R&D center at MCPA within 5 years.
-Support ICT essentials for Members.
-Open and conduct a Technical lecture, seminar, training at our MCPA ICT Lab

Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်