Skip to main content

Posts

Showing posts from 2020

(ထမင်းပေါင်းအိုးကြိုး)

(ထမင်းပေါင်းအိုးကြိုး) နေပြည်တော် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တခုတွင် ​Me: computer power cable ရှိလားဗျ ပထမ ဆိုင်: မရှိပါ။ Me: အော်... ဒုတိယ ဆိုင်: မရှိပါ။ Me: အော် အော် အကို UPS အနောက်မှာထိုးရတာလေ တတိယဆိုင်: သိတယ် မရှိဘူး အကို Me: တခုခုတော့ လွှဲနေပြီ။ အကိုမှာ ရှိတာလေ ကြည့်ပါရစေ.... (ဖျတ် ကနဲ့ ကြည့်လိုက်တာ) ကြိုးတွေ အများကြီး..တွေ့တယ်။ "အကို ဒီမှာ ရှိတယ်လေဗျာ" ဆိုင်: ထမင်းပေါင်းအိုး ကြိုးလေ...အများကြီး ပေါလို့... Me: အော်...ဟုတ် ဟုတ်..ထမင်းပေါင်း အိုး ကြိုးပေးပါဗျာ (လှည့်ပြန်လာရင်း.. ပထမ ဆိုင် တွေကို ထမင်းပေါင်းအိုး ကြိုးရှိလာ လို့ ပြန်မေးရင်...) ဆိုင်(၁,၂,၃)- အများကြီးပဲ ပေါ လို့တဲ့... Me: IT Proများ ထမင်းပေါင်းအိုး ကြိုး လို့မေးဝယ်ရန် ဟု knowledge တခု တိုးလာရင်း တနေ့တာ အချိန်များ ကုန်ဆုံး....

Modernize Data Center

 

သင့်ကိုယ် သင့်ဘယ်လိုမြင်မလဲ နေ့သစ်များအတွက်

သင့်ကိုယ် သင့်ဘယ်လိုမြင်မလဲ နေ့သစ်များအတွက်.. (၁) "ငါတို့တွေဟာ တစ်ဘဝသာရှိတယ်လို့မြင်မလား" (၁) "ငါတို့တွေဟာ နေ့တိုင်း နေ့သစ်တွေရှိမယ်...တစ်ကြိမ်ပဲ သေမယ်လို့မြင်မလား..." ဘဝရဲ့ ရလဒ်တွေ ဟာ မိမိအတွေးအခေါ်အယူအဆ ကနေစတင်မယ်..အဲ့ဒါတွေရဲ့ ၉၀% အကျိုးဆက်တွေဟာ သင့် လက်ရှိ ဖြစ်နေတယ်ဆိုတာ လက်ခံပါ... ကျွန်တော် အဲဒီအဆိုရဲ့ မသိခြင်းကို လက်ခံတယ် ယုံလိုက်ပါ.. Image credit: Humity page

(၁၀) နှစ်ရှိပြီ။အခုထိ မင်း လမ်းပေါ်မှာ ပဲနော်...

ဒီမိုရေ (၁၀) နှစ်ရှိပြီ။အခုထိ မင်း လမ်းပေါ်မှာ ပဲနော်... စိတ်မကောင်းပါဘူး။ ဒို့လည်းတက်နိုင်တဲ့ အပိုင်းကြိုးစားနေပါမယ်.. Photo: Nyan www.nyanlinhtet.name

နောက်ဆုံး တော့ သင့်မှာ လုပ်ပိုင်ခွင့် တစ်ခုရှိတယ်

ဒီမိုကရေစီ ခေတ်မှာ အတိုက်ခံ ရယ် အစိုးရ ရယ် ဆိုပြီး အခြေခံအားဖြင့်ရှိတယ်။ ဒီတော့ အတိုက်ခံ ဘက် က အမြဲ စောင့်ကြည့် ပြီး ဟာကွက်တွေ...ထောက်ပြတာတွေ...အပြုသဘော လှုံစော်တာတွေရှိတယ်။ ဒါကို ဒီမိုကရေစီ ဖက်တော်သား တစ်ယောက် အနေနဲ့ သတိချပ်သင့်တယ်။ မိမိ နှစ်သက်တဲ့ အစိုးရ ကို ဝေဖန်သည့် အတိုက်ခံဖက် ကို သက်သေ သက်ကာရ မရှိဘဲ တစ်ဖက်သားကို ပြစ်တင်အပုတ်ချပြောဆိုတယ် ဆိုတာ ရှေးရိုးဆန်ပြီး အနာဂတ်မဲ့ပါတယ်။ နောက်ဆုံး တော့ သင့်မှာ လုပ်ပိုင်ခွင့် တစ်ခုရှိတယ်...အသုံးချခွင့် ရပြီလေ... ဒါ ဒီမိုကရေစီပါပဲ.... www.nyanlinhtet.name 2020/Nov/8

တခါတည်း တွန်းလှန်ပါ...

တခါတည်း တွန်းလှန်ပါ... ကျွန်တော် တို့ အမျိုးသားရေး အန္တာရာယ် ဟာ နဂိုကတည်းက ရှိနေပါတယ်။ သင် ဘာလို့ ထင်ပါသလဲ... အခု သင်facebook သုံးနေရင်တောင် အနံတစ်ခုရလာပါလိမ့်မယ်... ဟုတ်ပါတယ်... ဆေးလိပ်ငွေ့ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘုံရန်သူပါ။ ကျွန်တော် တို့ဟာ တကယ် ကြည့်တက်မယ်ဆိုင်ရင် ကိုဗစ်ကြီးမှ မဟုတ်ပါဘူး... ဆေးလိပ်ငွေ့တွေ၊ ကွမ်းတံတွေးတွေ၊ ကားလမ်းမ ပေါ်က တာဇံတွေ အကြောင်း နှင့် အများဆိုင်နေရာက ဘူဇွာ ကိစ္စတွေ အများကြီးပါပဲ... ပြောအုံးမယ် (ဟိုဥပဒေကြောင့် ဒီဥပဒေကြောင့်) ဆိုပြီ၊ လိုရင်ပြောရရင်တော့... ကျွန်တော်တို့ ကိုဗစ်ကြီးနဲ့ အတူ အခါတည်း တွန်းလှန်လို့ရတာတွေရှိပါတယ်... ကိုယ်ကို မညာပါနဲ့... ခင်ဗျား လုပ်နိုင်မှာပါ... Mask တပ်ကြပါ နဲ့ အော်နေတဲ့ ခင်ဗျား လက် ကြားတည်းက ဆေးလိပ်တိုကြီးကို လွှင့်ပစ်လိုက်စမ်းဘာ.... ကလေးတစ်ယောက်၊ မိခင်တစ်ယောက် (သို့) ဆေးလိပ် မသောက် တဲ့သူတစ်ယောက် ခင်ဗျား အနားလာပြီးဆို ခင်ဗျား mask တပ်ပါ။ လက်ဆေးပါ ကို နားထဲ ဆွဲနေသလို... ခင်ဗျား ဆေးလိပ်ငွေ့ကို သတိချပ်စေလိုပါတယ်. ခင်ဗျားတို့ အနောက်နိုင်ငံတွေလိုမျိုး တိုးတက်ချင်တယ်ဆိုရင်၊ ခင်ဗျား စစ်အာဏာရှင် တွေကို မုန်းတယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ အမိ

တွေ့ဆုံခွင့်ရရှိခဲ့သည့်ကို အမှတ် ရနေပါမည်။

အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာပဒေသာတင် ဆရာကြီး စေတနာ ဟောပြောချက်များနှင့် အတွေ့အကြုံများကို American Center (2018) တွင် ‌နားထောင်ခွင့်ရခဲ့ပါသည်။ ‌အချိန်ကောင်း တစ်ခုအတွက် အမှတ်တရတစ်ခုပါပဲ. မြန်မာနိုင်ငံ က ရူပဗေဒ ဘွဲ့ရ တစ်ယောက် ကျောင်းသား တစ်ယောက် အတွက် အားရစရာ တစ်ခုကို ရရှိခဲ့တယ်လို့ ခံစားမိပါတယ်။ ၂၅-၆-၂၀၂၀ ရက်တွင် ကျင်းပသော သုတေသနညီလာခံ ဖွင့်ပွဲနေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဟောပြောသူများအဖြစ် အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဦးပဒေသာတင်က ‘သုတေသန အရေးပါမှုနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ၏ အခန်းကဏ္ဍ’ ဟူ၍ ဟောပြောရာတွင် အောက်ဖော်ပြပါ -    (က) ကမ္ဘာနှင့် ရင်ပေါင်တန်း၍ ပြည်သူပြည်သားတိုင်း လူမှုအဆင့်အတန်း မြင့်မားစွာဖြင့် ပျော်ရွှင်စွာ နေထိုင်ရေး။ ။   (ခ) တိုင်းပြည်အချုပ်အခြာအာဏာ တည်မြဲရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေနိုင်ရေး။   (ဂ) နိုင်ငံသားတိုင်း ကျန်းမာစွာနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေး။   (ဃ) အနာဂတ် အမိမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး သားစဉ်မျိုးဆက် တစ်လျှေ

Cyber Threat Map for Myanmar, At a Glance

Mutual Respect is needed for peace

မြန်မာနိုင်ငံ အင်တာနက်ကမ္ဘာ လုံခြုံမှု အခြေအနေ Update! (User-Version)

မြန်မာနိုင်ငံ အင်တာနက်ကမ္ဘာ လုံခြုံမှု အခြေအနေ Update! (User-Version)      မြန်မာနိုင်ငံ အတွင်း ကျရောက်နေသော Cyber လုံခြုံရေး အခြေအနေသည့် Ransoware (မိမိ Data များကို encrypt ဝှက်စာ လုပ်၍ ငွေကြေး တောင်းသည့် အဖျောက်အမှောင့်) ဟုခေါ်သည့် အန္တရာယ် ကျရောက်မှု အနည်းဆုံးဖြစ်နေပါတယ်။ Banking Sector တွင် Trojans (သူလျှို software အန္တရာယ်) ရှိနေပါတယ်။ အများဆုံး လုံခြုံရေး ဆိုင်ရာ စိုးရိမ်ရသည့် နေရာမှာ နေစဉ့် သုံးစွဲနေသည့် Mobile Device များ တွင် (%)ရာခိုင်နှုန်း အများဆုံး ဖြစ်နေပါတယ်။ Phot o Credit to UCSY Teachers Data source from Check-point Learn more about me @  www.nyanlinhtet.name

Video Conferencing သုံးစွဲသူများအတွက် ဆောင်ရန်ရှောင်ရန်များ

အတွေးမြင်စာစုများ(၁)

"ယောနိသောမနသိကာရ"

"ယောနိသောမနသိကာရ"ဆိုတာ "ဝေဖန်သူနှင့် ‌ဝေဖန်ခံရသူ" နှစ်ဉီးစလုံးအကောင်းမြင်ဝါဒ နဲ့ ဆန်းစစ်ဝေဖန်ပြီး တိုးတက်မှုတွေ ဖွဲ့ယှက်နေလျက်ပေါ့ "ယောနိသောမနသိကာရ" သူ့အကြောင်းသူ့အကျိုးနှလုံးသွင်းလိုက်ရတာမျိုးတွေရှိပါတယ်။ တချို့လောကီရေးရာတွေမှာဆိုလျှင် မိမိအတ္တ၊ မာန်မာနကိုရှေ့တန်းတင်ပြီဂဆရာကြီးလေသံမျိုးနှင့် စိတ်ထင်ရာဝေဖန်တတ်ကြတယ်။ ကိုယ့်ကိစ္စမဟုတ်တာကို ကိုယ့် ကိစ္စအသွင်ဆောင်ကာဝေဖန်မှုပြုကြ‌‌‌နေကြတယ်

Contribution to UCSY

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တို့ ပူးပေါင်း၍ ယနေ့ ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် MCPA Day အခမ်းအနားကို နံနက် (၉:၃၀) နာရီမှ စတင်၍ နေ့လယ် (၂:၃၀) နာရီ အထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် နဝမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ဗဟုသုတရပြီး အကျိုးရှိစေနိုင်မည့် Panel Discussion များနှင့် Workshop များလည်း ပါဝင်ပြုလုပ်ခဲ့ပြီး MCPA Day ၏ Career Fair တွင် Being (Myanmar) Co., Ltd, CNSA Myanmar Co., Ltd, Global Technology Group, KMD, Myanmar DCR Co., Ltd, Myanmar Information Technology Pte Ltd,  NTT Data Myanmar Co., Ltd, STI Myanmar University, Talent Nest Co., Ltd, Yangon Japanese Language School စုစုပေါင်း ကုမ္ပဏီ (၁၀) ခု တို့မှ ပါဝင်ပူးပေါင်းခဲ့ပါသည်။ ထို့အပြင် Contribution Partner အဖြစ် Yathar Cho Industry Ltd (Yum Yum) က ကူညီပံ့ပိုးပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ #MCPADAY2020 #MCPAYGN

MCPA High School Seminar (၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အ.ထ.က (၆)၊ သာကေတမြို့နယ်)

သာကေတ မြို့နယ် (အ.ထ.က-၆) သို့ သတင်းအချက်အလက်နည်းပညာ ကို ကောင်းမွန်စွာ အသုံးချပြီး မည့်သို့ အသက်မွေးနိုင်ကြောင်း သားငယ်သမီးများအတွက် ကြိုးစားဟောပြောခဲ့ပါတယ် ပြောဆိုနေစဉ်အတွင်း လျှပ်စစ်မီးကြာမြှင့်စွာပျက်တောက်ခဲ့ပါတယ်။ "မီးပျက်တာ ဒို့ မ မူပါ" ကြိုတင်ပြင်ဆင်ထားပြီး အလွတ်သဘော ဟောပြောခဲ့ပါတယ် www.nyanlinhtet.name Source:  https://www.facebook.com/yrcpa/photos/pcb.2405697859535107/2405696669535226/?type=3&theater ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (MCPA-YANGON) မှ အခြေခံပညာအထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာကို အကျိုးရှိရှိအသုံးပြုခြင်းနှင့် လုံခြုံရေးဆိုင်ရာ သိကောင်းစရာများ၊ ICT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သိကောင်းစရာများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး MCPA High School Seminar ကို ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှ စတင်၍ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်အထိ ကျောင်းပေါင်း (၉၆) ကျောင်းသို့ သွားရောက် ဟောပြောခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း နည်းပညာကော်မတီ (၂) ဥက္ကဋ္ဌ ဦးဉာဏ

Practical Server Virtualisation | Batch (15)

02/02/2020 မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ၏ ICT Lab အခန်းတွင် လက်တွေ့ လေ့ကျင်ပေးသည့် Server Virtualization (Road to Software Defined Data Center) သင်ခန်းစာ ပြီးဆုံးပါပြီ။ MCPA အသိအမှတ်ပြုနာရီ (၃၀) ရရှိပြီ ကျောင်းသား အဆင့် (နာရီ၁၂၀)အသင်းဝင် ဖြစ်ခွင့် တွင်ထည့်သွင်းစဥ်းစားပေးနိုင်မည်။ ဤအသိအမှတ်ပြု လတ်မှတ်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင် တွင် တင်ပြ ပေးနိုင်သလို သင်ကြားပေးထားသည့်ဆရာမှ တာဝန်ယူ ပြီး (၃၀)နာရီစာ လေ့ကျင့်ထားသည့် ပညာရှင်တစ်ယောက် ဟုတာဝန်ယူပါတယ် ဒီနေ့အတွက်Batch(15)ပြီး ဆုံးပြီ။ သင်တန်းသား ပညာရှင် (၈၀)ယောက် လေ့ကျင့်ပေးပြီဖြစ်ပါတယ်.. ဤအစီစဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်သူများတစ်ယောက်စီ အသိအမှတ်ပြု ကျေးဇူးတင်ပါတယ် ဆက်လက်၍ကြိုးစားပါအုံးမည်... -Nyan www.nyanlinhtet.name

2020 Yangon ICT Fair by MCPA/MCIA

CCTV (လုံခြုံရေး ကင်မရာ) စနစ်ကို ဘယ်လိုဝယ်ယူသုံးစွဲသင့်လဲ ဆိုတာ အားရပါးရ ဆွေးနွေးပေးခဲ့စဉ် ကျွန်တော် က (Moderator) role မှာနေခဲ့ပါတယ် 2020 ICT Fair

Technology Committee at MCPA-Yangon

My new role at Myanmar Computer Professionals Association (Yangon) A Chairperson of Technology (Burmese Language) ကွန်ပျူတာပညာရှင် အသင်းမှာ နည်းပညာကော်မတီ ဥက္ကဌ အနေဖြင့် တာဝန်ယူရသည့် လုပ်ငန်းတာဝန်များကိုဖော်ပြပေးလိုက်သည်.. နည်းပညာကော်မတီသည် နိုင်ငံတကာ IT Skills standard များကို လေ့လာ၍ မိမိတို့နှင့်သင့်တော်သော နည်းပညာဆိုင်ရာစံနှုန်းများကို ရေးဆွဲ အကြံပြုခြင်း၊ IT နည်းပညာ သစ်များနှင့် အသုံးချနယ်ပယ်သစ်များကို လေ့လာရန်၊ အသင်းဝင်များ၏ နည်းပညာဆိုင်ရာ လေ့လာအသုံးချမူ ပိုမိုကျယ်ပြန့်မြင့်မားလာစေရန် ICT Reasearch & Development Center တစ်ခုထူထောင်နိုင်ရေးအတွက် လုပ်ဆောင်ခြင်း၊ ပြင်ပအဖွဲ့အစည်းမှ ပညာရပ်ဆိုင်ရာ အကြံပြုချက်တောင်းခံမူများ အပေါ် ဆွေးနွေးအကြံပြုပေးခြင်း၊ သက်ဆိုင်ရာ IT နည်းပညာ နယ်ပယ်များ အလိုက် နည်းပညာ ပြန့်ပွားရေး ကို ပံံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းသားများ၏ နည်းပညာ လေ့လာမူဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းဝင်များ၏ နည်းပညာ လက်တွေ့အသုံးချမူ တိုးတက်လာစေရန် ရည်ရွယ်၍ ICT-Lab တည်ထောင်ဖွင့်လှစ်လျှပ်ရှိခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ MCPA ICT

World Robot Game (Myanmar) @ MCPA

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာပညာရှင် အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် တို့ ပူးပေါင်းတင်ဆက်သည့် Word Robot Game အမှတ်တရ မှတ်တမ်းဓာတ်ပုံများ...

Practical Server Virtualisation Training | Batch (14)

Today Sunday, My technical class is successfully done for 6 persons at Myanmar Computer Professionals Association' Dell EMC Lab. congratulation all professional students... www.nyanlinhtet.name

“IT Infra Fundamental”

“IT Infra Fundamental” သင်တန်းဖွင့်လှစ်မည်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “IT Infra Fundamental” သင်တန်းအား ဖွင့်လှစ်သွားမည်ဖြစ်သည်။ ခေတ် နှင့် အညီ ပြောင်းလဲလာသော Digital Transformation နှင့် ပတ်သက်သည့်နည်းပညာ ကို စီးပ္ပားရေးလုပ်ငန်းများ မှ အမိအရယူသုံးစွဲ နေသည့်အချိန်တွင် IT Infrastructure ဆိုသည်မှာ ပြည်တွင်း သာမက ပြည်ပ တွင်လည်း အရေးကြီးသော အခန်းကဏ္ဏတွင် ရှိလာပါသည်။ဤသင်ခန်းစာတွင် IT Infrastructure ၏ အခြေခံ လုပ်ဆောင်ပုံများ အကြောင်းကို လက်တွေ့ပြသ၍ အဓိကထားပြောကြားမည်။ Hardware, Network ဘာသာရပ်များ သင်ကြားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လက်တွေ့ ကွန်ပျုတာ များအား ပြုပြင်ထိန်းသိမ်းတက်မည့် အပြင် Computer Networking စနစ်များကို ချိတ်ဆက် အသုံးပြုတတ်သွားမည်ဖြစ်သည်။ Course တွင် ပါဝင်မည့် အကြောင်းအရာများမှာ ~ CONCEPTS: (1) Overview of Computer Systems 1.1 Understanding Computer Hardware & its Components 1.1.1 CPU, RAM, HDD, Main Board, Bus 1.2 Overview of Operation Systems 1.2.1 File Systems and Features 1.3 Practical Work (Hardware) 1.4 Practical Work (Operation