Skip to main content

Posts

Showing posts from November, 2018

Congratulation to Dr.ပဒေသာတင်

အန္တရာယ်ကင်းကင်းနဲ့ အာကာသခရီးစဉ်သွားနိုင်အောင် တီထွင်ကြံဆသူတွေကို NASA က Silver Snoopy Award ချီးမြှင့်တာမှာ ၂၀၁၈ အတွက် Glen သုတေသနဌာနက ဒေါက်တာပဒေသာတင်ရရှိပါတယ်။ ဆုမယူခင်ရက်ပိုင်းက ဝါရှင်တန်ဒီစီကိုလာရောက်ချိန်မှာ ဒေါက်တာပဒေသာတင်ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။ https://burmese.voanews.com/a/4652014.html

Industry Tour (4/2018/Thilawa)

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ အသင်းသားရေးရာကော်မတီမှ ကြီးမှုး၍ အသင်းသူ/သားများကို လုပ်ငန်းခွင်အဆင်သင့်ဖြစ်သည့် အသင်းဝင်များဖြစ်စေရန် ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် သီလဝါစက်မှုဇုန်သို့ Industry Tour သွားရောက်လေ့လာခြင်းအား ပြုလုပ်ခဲ့ပါသည်။ PECI (Myanmar Limited), Prosperity Knitwear Co., Ltd, အဏ္ဏဝါဘော့ (ရေယာဉ်နှင့် ပန်ကာလုပ်ငန်း)၊ Global Hanger Co., Ltd သို့ အသင်းသူ/သား စုစုပေါင်း (၉)ဦးနှင့် ကြီးကြပ်သူ အဖြစ် ရန်ကုန်တိုင်းဒေသြ ကီးကွန်ပျူတာပညာရှင်အသင်း အသင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးဝေဖြိုးသွင်၊ အတွင်းရေးမှူး ဦးဉာဏ်လင်းထက်တို့မှ သွားရောက် လေ့လာခဲ့ကြပါသည်။ လုပ်ငန်းပိုင်းဆိုင်ရာဗဟုသုတများနှင့်တကွ နည်းပညာပိုင်းများကိုရှင်းလင်း ပြောကြားပေးခဲ့သော ကုမ္ပဏီများနှင့် သွားရောက်လေ့လာခဲ့ကြသော အသင်းသူ/သားများအား ကျေးဇူးတင်မှတ်တမ်းလွှာ၊ အသိအမှတ်ပြုမှတ်တမ်းလွှာများကိုလည်း ပေးအပ်ခဲ့ပါသည်။ Unicode ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ အသင်းသားရေးရာကော်မတီမှ ကြီးမှုး၍ အသင်းသူ/သားများကို လုပ်ငန်းခွင်အဆင်သင့်ဖြစ်သည့် အသင်းဝင်များဖြစ်စေ