Skip to main content
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းရှိ ကော်မတီများတွင် Volunteer အဖြစ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး
For MCPA member
အသင်းသူ/သားများရှင့်
(ခ) စာမေးပွဲကော်မတီ
(ဂ) ပညာရေးကော်မတီ
(ဃ) နည်းပညာကော်မတီ
(င) ပြန်ကြားရေးကော်မတီ
စာမေးပွဲကော်မတီ
ပညာရေးကော်မတီ
နည်းပညာကော်မတီ
ပြန်ကြားရေးကော်မတီ
Unicode
အသင်းသူ/သားများရှင့်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းရှိ ကော်မတီများတွင် Volunteer အဖြစ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့ဝင်များဖိတ်ခေါ်လိုပါသည်။
၁။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း၏ ၂၀၁၇-၂၀၁၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီသက်တမ်းတွင် အောက်ဖော်ပြပါ ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို ခွဲဝေ ဆောင်ရွက်နေပြီဖြစ်ပါသည်။
(က) စီမံခန့်ခွဲရေးကော်မတီ
(ခ) စာမေးပွဲကော်မတီ
(ဂ) ပညာရေးကော်မတီ
(ဃ) နည်းပညာကော်မတီ
(င) ပြန်ကြားရေးကော်မတီ
(စ) အသင်းသားရေးရာကော်မတီ
၂။ အဆိုပါကော်မတီများကို စနစ်တကျဖွဲ့စည်းခဲ့ပြီး ကွန်ပျူတာပညာရပ်ဆိုင်ရာများတွင် အထောက်အကူပြုစေရန် အတွက် လုပ်ငန်းစဉ်များချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၃။ ကော်မတီအလိုက် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဆောင်ရွက်လိုသူများအနေဖြင့် မိမိ လျှောက်ထားမည့် ကော်မတီ၏ လုပ်ငန်းဆောင်တာများကို ကူညီလုပ်ဆောင်ပေးနိုင်ရန် လိုအပ်ပါသည်။
စီမံခန့်ခွဲရေးကော်မတီ
စီမံခန့်ခွဲရေးကော်မတီသည် အသင်းပိုင်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များ စီမံခန့်ခွဲခြင်း၊ ငွေစာရင်းများ ထိန်းသိမ်းပြုစုခြင်း၊ အခမ်းအနားများ၊ အစည်းအဝေးများနှင့် အခြား လှုပ်ရှားမှုများ စီမံခန့်ခွဲခြင်း၊ အလုပ်အမှုဆောင်အဖွဲ့ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စနစ်တကျရှိ စေရေး ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပခရီးစဥ်များ၊ အစည်းအဝေးများ၊ အခြားဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက် မှုများကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ လိုအပ်သည့် အုပ်ချုပ်စီမံမှုဆိုင်ရာကိစ္စရပ်များ တာဝန်ခံဆောင်ရွက်ခြင်း၊ အသင်း၏ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးသည်အထိ ကြီးကြပ်ဆောင်ရွက်ခြင်း၊ နိုင်ငံအသင်း၊ အခြားပြည်နယ်တိုင်းဒေသကြီး အသင်းများနှင့် စီမံရေးရာ ကိစ္စရပ်များအတွက် ဆက်သွယ် ဆောင်ရွက်ခြင်းနှင့် Member Access Center (MAC) ပြန်လည်ထူထောင်ရေးတို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။
စာမေးပွဲကော်မတီ
အသင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်ရရှိစေရန် ရည်ရွယ်၍ နိုင်ငံတကာ IT Skills Standard များကိုကိုးကား၍ စာမေးပွဲများကိုစနစ်တကျကျင်းပပြုလုပ်ခြင်း၊ အသင်းမှ ကျင်းပပြုလုပ်သောစာမေးပွဲများကို နှစ်အလိုက်ပြက္ခဒိန် (Examinations Calendar) ထုတ်ပြန် ကြေငြာခြင်း၊ သတ်မှတ် အရည်အချင်းများနှင့်အညီ စာမေးပွဲအောင်မြင်သူများကို သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့်အသင်းမှ ကျင်းပပြုလုပ်လျက်ရှိသော စာမေးပွဲများကို အများပြည်သူများ အနေဖြင့်ကျယ်ပြန့်စွာသိရှိလာစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိခြင်း၊ ကွန်ပျူတာပညာရှင်များ ကွန်ပျူတာပညာရပ်နှင့်ပတ်သက်၍ နားလည်ပြီးကျွမ်းကျင်မှုအဆင့် တိုးတက် မြင့်မားလာစေရန်နှင့် သတင်းအချက်အလက် နည်းပညာနယ်ပယ်တွင် နားလည်တတ်ကျွမ်းသူ တစ်ယောက် အဖြစ် အသိအမှတ်ပြုခံရစေရန်တို့ကိုရည်ရွယ်၍ MCPA Exam ကို MCPA Certified Network Associate (NA) နှင့် MCPA Certified Network Professional (NP) ဟူ၍နှစ်ပိုင်းခွဲကာ တစ်နှစ်နှစ်ကြိမ် ကျင်းပပေးခြင်း၊ MCPA Exam အောင်မြင်ပြီးသူများကို Career Development Plan အဖြစ်အလုပ်အကိုင်ရရှိရေးအတွက် အိုင်တီကုမ္ပဏီများ၊ IT Related Business များဖြစ်သော Bank, Store များမှတဆင့် IT နှင့်သက်ဆိုင်သော အလုပ်များ ကိုခေါ်ယူပါကစာမေးပွဲကော်မတီမှ တဆင့်တာဝန်ယူ၍ ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ စစ်ဆေးပေးလျက်ရှိသော စာမေးပွဲများအတွက် Qualified ဖြစ်သော မေးခွန်းများထုတ်ပေးနိုင်ရေး တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ပညာရေးကော်မတီ
ပညာရေးကော်မတီသည်အသင်းသားများနှင့်ဒေသခံပြည်သူများအတွင်း IT နည်းပညာများ ပြန့်ပွားရေး နှင့် အသုံးချမှုအသစ်များ တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များအား ဖိတ်ခေါ်၍ ဟောပြောပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ရိုးများရေးဆွဲခြင်း၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို ဟောပြောပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသင်းဝင်များနှင့် ဒေသခံပြည်သူများ အတွက် IT နည်းပညာဆိုင်ရာ ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။
နည်းပညာကော်မတီ
နည်းပညာကော်မတီသည် နိုင်ငံတကာ IT Skills Standard များကိုလေ့လာ၍ မိမိတို့နှင့်သင့်တော်သော နည်းပညာဆိုင်ရာစံနှုန်းများကို ရေးဆွဲအကြံပြုခြင်း၊ IT နည်းပညာ သစ်များနှင့် အသုံးချနယ်ပယ်သစ်များကို လေ့လာရန်၊ အသင်းဝင်များ၏နည်းပညာဆိုင်ရာ လေ့လာအသုံးချမှု ပိုမိုကျယ်ပြန့်မြင့်မားလာစေရန် ICT Research & Development Center တစ်ခု ထူထောင်နိုင်ရေး အတွက် လုပ်ဆောင်ခြင်း၊ ပြင်ပအဖွဲ့အစည်းမှ ပညာရပ်ဆိုင်ရာ အကြံပြုချက် တောင်းခံမှုများအ ပေါ်ဆွေးနွေး အကြံပြုပေးခြင်း၊ သက်ဆိုင်ရာ IT နည်းပညာ နယ်ပယ်များ အလိုက် နည်းပညာပြန့်ပွားရေး ကိုပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းသားများ၏ နည်းပညာ လေ့လာမှုဆိုင်ရာ လိုအပ်ချက်များ ကိုပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အသင်းဝင်များ၏ နည်းပညာ လက်တွေ့အသုံးချမှု တိုးတက်လာစေရန်ရည်ရွယ်၍ ICT-Lab တည်ထောင်ဖွင့်လှစ်လျှက်ရှိခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ခြင်း၊ အဆိုပါ MCPA ICT LAB တွင် Computer System များ၊ Computer Network Equipment များနှင့် အထောက်အကူပြုဆက်စပ်ပစ္စည်းများကို ပိုမိုစုံလင်စေရန် ဆောင်ရွက်လျှက်ရှိပြီး လက်တွေ့စမ်းသပ်လေ့ကျင့်မှုများ နှင့် ICT ဆိုင်ရာသင်တန်းများကို လစဉ်ကျင်းပပြုလုပ်ခြင်း၊ လက်တွေ့စမ်းသပ်မှု Class များတွင် အသင်းဝင်များအနေဖြင့် လက်တွေ့စမ်းသပ်နိုင်စေရန် စီစဉ်ပေးလျက်ရှိပါ သည်။
ပြန်ကြားရေးကော်မတီ
ပြန်ကြားရေးကော်မတီသည် အသင်း၏လှုပ်ရှားဆောင်ရွက်မှု သတင်းများကို အချိန်နှင့်တစ်ပြေးညီတိကျ မှန်ကန်မြန်ဆန်စွာ ထုတ်ပြန်ပေးခြင်း၊ Media များကို ကျယ်ပြန့်စွာအသုံးပြု၍ အသင်း၏ Profile, နှစ်ချုပ် အစီရင်ခံစာ၊ သတင်းလွှာ၊ ပြန်ကြားလွှာ၊ လက်ကမ်းစာစောင်၊ Website, Forum, Social Network Site များကို ရေးသားတည်ဆောက်ထုတ်လုပ်ဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အခြားတိုင်း ဒေသကြီး နှင့် ပြည်နယ်အသင်းတို့၏ သတင်းပြန်ကြားရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထုတ်ပြန် ထားသော သတင်းအချက်အလက်များ မှန်ကန်လုံခြုံစေရေးအတွက် စီမံဆောင်ရွက်ခြင်း တို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။
အသင်းသားရေးရာကော်မတီ
အသင်းသားရေးရာကော်မတီသည်အသင်းဝင်များ စိစစ်ခွင့်ပြုခြင်း၊ အသင်းသားဖြစ်သူ ကွန်ပျူတာပညာရှင်များ၏ အသင်းဝင်များ စိစစ်ခွင့်ပြုခြင်း၊ အသင်းသားဖြစ်သူ ကွန်ပျူတာပညာရှင်များ၏ လိုအပ်ချက်များကို ကြည့်ရှုပြီးဆောင်ရွက်ခြင်း၊ အသင်းသားများ၏ Database ကို ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊ အသင်းသား စည်းရုံးရေး၊ အလုပ်ရှင်နှင့် အသင်းသားအကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပညာရှင်ကျင့်ဝတ်များကို ပိုမိုလိုက်နာ လာစေရေး တိုက်တွန်းဆောင်ရွက်ခြင်း၊ ပညာသင်ဆု ရွေးချယ်ရေးအတွက် ထောက်ခံပေးခြင်း၊ အသင်းသား ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များထိန်းသိမ်းခြင်းနှင့် တိုင်းဒေသကြီးအသင်းအား ပြည်သူများအတွင်း ပိုမို ကျယ်ပြန့်စွာ သိရှိလာစေရေး အတွက် ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါသည်။
၄။ သို့ဖြစ်ပါ၍ အထက်ပါကော်မတီများတွင် ၂၀၁၈ ခုနှစ်အတွက် ပူးပေါင်းပါ၀င်ဆောင်ရွက်လိုသော စိတ်ပါ၀င်စားသည့် အသင်းသားများအား Volunteer အဖြစ် ဖိတ်ခေါ်လိုပါသည်။
၅။ အဆိုပါ ကော်မတီများတွင် မိမိနှစ်သက်ရာကော်မတီ ( ၁ ) ခုတွင်သာ Volunteer အဖြစ် ပါ၀င်ဆောင်ရွက်နိုင်ပြီး ဦးစားပေးအနေဖြင့် (၁)၊ (၂) ဟူ၍ ရွေးချယ်ပေးစေလိုပါသည်။ ဆောင်ရွက်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များဖြည့်စွက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာအသင်းသို့ ( ၁၂-၁-၂၀၁၈ ) ရက် ညနေ (၄)နာရီ နောက်ဆုံးထား၍ လူကိုယ်တိုင်သော်လည်းကောင်း၊ email ဖြင့် yrcpaoffice@gmail.com သို့လည်းကောင်း ပေးပို့နိုင်ပါကြောင်း တောင်းခံအပ်ပါသည်။
Comments
Popular posts from this blog
ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein
  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  
စလင်း (Crystal or Quartz)
စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)
ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)
 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်