ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေးဟောပြောပွဲကို အ.ထ.က (၅) မင်္ဂလာဒုံ ကျောင်းသို့ ယနေ့ (၁၀-၁၁-၂၀၁၇) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အသင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးဉာဏ်လင်းထက်က ICT နည်းပညာကို အကျိုးရှိရှိအသုံးချခြင်း၊ ထိထိမိမိအသုံးချခြင်း၊ လုံခြုံရေးသိကောင်းစရာများနှင့် လိုအပ်သည့် ပြင်ဆင်မှုများ ခေါင်းစဥ်ဖြင့် နံနက်(၉) နာရီမှ (၁၀း၃၀) နာရီအထိ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
21st Century Skills (၂၁ရာစု၏ ကျွမ်းကျင်မှုများ)
Comments
Post a Comment