Today Sunday, Mobile ICT Learning Program Opening Ceremony

Unicode
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျား ICT လေ့လာသင်ယူရေးစင်တာ (ဒုတိယအကြိမ် စတင်ထွက်ခွာခြင်း) အခမ်းအနားဖွင့်ပွဲကို ယနေ့ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်၊ နေ့လည် ၂နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, Conference Hall တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ အလုပ်အမှုဆောင်များနှင့် အခြားအသင်းအဖွဲ့များမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ ကျောင်းသား/သူများမှ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်၊ ကွန်ပျူတာဆော့ဝဲလ်ဌာနမှူး (ငြိမ်း) ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုး နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
News Source: MCPA-Yangon.

Comments
Post a Comment