Skip to main content

FPGA Workshop

"First Ever Public Digital Design Workshop in Myanmar"



Unicode
ဇွန်လ ၂၅ နေ့ ဖန်တီးရာမှာ Design 101 with Verilog HDL (Intel Edition) Workshop ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သင်တန်းသား/သူ စုစုပေါင်း ၂၀ ခန့် တက်ရောက်ပြီး၊ နည်းပညာ တက္ကသိုလ်မှ ပါမောက္ခများ၊ သုသေတနပြုလုပ်နေသူ ဘွဲ့လွန်ကျောင်းသား/သူ၊ ဘွဲ့ကြို ကျောင်းသား/သူများ၊ ကုမ္ပဏီမှ တတ်သိ ပညာရှင်များ၊ အသင်း/အဖွဲ့အစည်းများမှ တတ်သိ ပညာရှင်များပါဝင် ပါတယ်။
Workshop မနက်ပိုင်းတွင် Field Programmable Gate Arrays (FPGA) မိတ်ဆက် နှင့် Verilog Hardware Description Language (HDL) အခြေခံ တို့ကို ပြောကြား၊ လေ့လာ၊ သင်ယူကြပါတယ်။
နေ့ခင်းပိုင်းတွင် Verilog HDL သုံးပီး အခြေခံ Digital Design ပြုလုပ်ပုံ အစမှသည် FPGA board ပေါ်တွင် ကိုယ်တိုင် စမ်းသပ်နိုင်သည် အထိ (Lab 1)၊ Intellectual Property Cores အသုံးပြုပီး ဒီဇိုင်းလုပ်ပုံ အဆင့်ဆင့် (Lab 2)၊ In-circuit Logic Analyzer သုံးပီး ဒီဇိုင်းကို Hardware ထဲတွင် Debug ပြုလုပ်ပုံ (Lab 3)၊ FPGA သုံးပီး Nios II 32-bit Processor ကို ပြုလုပ်နိုင်ပုံ၊ ၎င်းအတွက် Software ရေးသား စမ်းသပ်ပုံ မိတ်ဆက် (Lab 4)၊ စုစုပေါင်း Lab 4 ခုပီးမြောက်သည်အထိ လေ့လာ၊ သင်ယူ၊ စမ်းသပ်နိုင် ခဲ့ကြပါတယ်။
ဒီ Workshop ရဲ့ စိတ်ဝင်စားစရာ ကဏ္ဍတစ်ခုကတော့ Capture The Flag (CTF) Design Challenge ပါပဲ။ အဲ့ဒီ CTF မှာ သင်တန်းတက်ရောက်သူတွေကို အချိန်တို အတွင်းမှာ ပြုလုပ်နိုင်မယ့် Design Specifications ပေးပီး ပြိုင်ပွဲငယ် သဘောမျိုး ပြုလုပ်ထားတာပါ။ အဲ့ဒီ CTF Design Challenge ကို ပထမဦးစွာ ပီးမြောက်အောင်ဆောင်ရွက်နိုင်သူကတော့ ရန်ကုန် နည်းပညာ တက္ကသိုလ် (YTU) မှ တွဲဖက် ပါမောက္ခ ဒေါက်တာ တင်သက်နွယ် နှင့် ပါမောက္ခ ဒေါက်တာ နှင်းသီတာအေး ဖြစ်ပီး၊ 1st Runner-up ကတော့ YTU မှ ပဥ္စမနှစ် ကျောင်းသား ကိုအောင်မော် ဖြစ်ပါတယ်။
ဒီ Workshop ကို နိုင်ငံတကာတွင် ပို့ချနေသော Training သင်ရိုး နှင့် အညီ ပြုလုပ်ဆောင်ရွက်တာဖြစ်ပါတယ်။
Workshop အတွက် မနက်ပိုင်း နှင့် နေ့ခင်းပိုင်း Tea Breaks များကို ကိုစိုးထက်အောင် ၏ Gloden Puff မှ မှာယူပီး တာဝန်ခံ ဆောင်ရွက်ပေးထား ပါတယ်။
ဒီ Workshop အာင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဓိက ပါဝင် ကူညီခဲ့ကြတဲ့ ကိုကောင်းမြတ်အောင်၊ ဖန်တီးရာမှ ကို Charm နှင့် သင်တန်းတက်ရောက်သူ၊ တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးသူများ အားလုံးကို ကျေးဇူး အထူး တင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ။

ဇြန္လ ၂၅ ေန႔ ဖန္တီးရာမွာ Design 101 with Verilog HDL (Intel Edition) Workshop ကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ပါတယ္။ သင္တန္းသား/သူ စုစုေပါင္း ၂၀ ခန္႔ တက္ေရာက္ၿပီး၊ နည္းပညာ တကၠသိုလ္မွ ပါေမာကၡမ်ား၊ သုေသတနျပဳလုပ္ေနသူ ဘြဲ႕လြန္ေက်ာင္းသား/သူ၊ ဘြဲ႕ႀကိဳ ေက်ာင္းသား/သူမ်ား၊ ကုမၸဏီမွ တတ္သိ ပညာရွင္မ်ား၊ အသင္း/အဖြဲ႕အစည္းမ်ားမွ တတ္သိ ပညာရွင္မ်ားပါဝင္ ပါတယ္။
Workshop မနက္ပိုင္းတြင္ Field Programmable Gate Arrays (FPGA) မိတ္ဆက္ ႏွင့္ Verilog Hardware Description Language (HDL) အေျခခံ တို႔ကို ေျပာၾကား၊ ေလ့လာ၊ သင္ယူၾကပါတယ္။
ေန႔ခင္းပိုင္းတြင္ Verilog HDL သံုးပီး အေျခခံ Digital Design ျပဳလုပ္ပံု အစမွသည္ FPGA board ေပၚတြင္ ကိုယ္တိုင္ စမ္းသပ္ႏိုင္သည္ အထိ (Lab 1)၊ Intellectual Property Cores အသံုးျပဳပီး ဒီဇိုင္းလုပ္ပံု အဆင့္ဆင့္ (Lab 2)၊ In-circuit Logic Analyzer သံုးပီး ဒီဇိုင္းကို Hardware ထဲတြင္ Debug ျပဳလုပ္ပံု (Lab 3)၊ FPGA သံုးပီး Nios II 32-bit Processor ကို ျပဳလုပ္ႏိုင္ပံု၊ ၎အတြက္ Software ေရးသား စမ္းသပ္ပံု မိတ္ဆက္ (Lab 4)၊ စုစုေပါင္း Lab 4 ခုပီးေျမာက္သည္အထိ ေလ့လာ၊ သင္ယူ၊ စမ္းသပ္ႏိုင္ ခဲ့ၾကပါတယ္။
ဒီ Workshop ရဲ႕ စိတ္ဝင္စားစရာ က႑တစ္ခုကေတာ့ Capture The Flag (CTF) Design Challenge ပါပဲ။ အဲ့ဒီ CTF မွာ သင္တန္းတက္ေရာက္သူေတြကို အခ်ိန္တို အတြင္းမွာ ျပဳလုပ္ႏိုင္မယ့္ Design Specifications ေပးပီး ၿပိဳင္ပြဲငယ္ သေဘာမ်ိဳး ျပဳလုပ္ထားတာပါ။ အဲ့ဒီ CTF Design Challenge ကို ပထမဦးစြာ ပီးေျမာက္ေအာင္ေဆာင္ရြက္ႏိုင္သူကေတာ့ ရန္ကုန္ နည္းပညာ တကၠသိုလ္ (YTU) မွ တြဲဖက္ ပါေမာကၡ ေဒါက္တာ တင္သက္ႏြယ္ ႏွင့္ ပါေမာကၡ ေဒါက္တာ ႏွင္းသီတာေအး ျဖစ္ပီး၊ 1st Runner-up ကေတာ့ YTU မွ ပဥၥမႏွစ္ ေက်ာင္းသား ကိုေအာင္ေမာ္ ျဖစ္ပါတယ္။
ဒီ Workshop ကို ႏိုင္ငံတကာတြင္ ပို႔ခ်ေနေသာ Training သင္႐ိုး ႏွင့္ အညီ ျပဳလုပ္ေဆာင္ရြက္တာျဖစ္ပါတယ္။
Workshop အတြက္ မနက္ပိုင္း ႏွင့္ ေန႔ခင္းပိုင္း Tea Breaks မ်ားကို ကိုစိုးထက္ေအာင္ ၏ Gloden Puff မွ မွာယူပီး တာဝန္ခံ ေဆာင္ရြက္ေပးထား ပါတယ္။
ဒီ Workshop အာင္ျမင္စြာ က်င္းပႏိုင္ေရး အတြက္ အဓိက ပါဝင္ ကူညီခဲ့ၾကတဲ့ ကိုေကာင္းျမတ္ေအာင္၊ ဖန္တီးရာမွ ကို Charm ႏွင့္ သင္တန္းတက္ေရာက္သူ၊ တဖက္တလမ္းမွ ကူညီေဆာင္ရြက္ေပးသူမ်ား အားလံုးကို ေက်းဇူး အထူး တင္ရွိေၾကာင္း မွတ္တမ္းတင္အပ္ပါတယ္။ ။

Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်