National University of Singapore (NUS) ၏ ဘွဲ့လွန်အိုင်တီဒီပလိုမာသင်တန်း လျှောက်ထားနိုင်
စင်ကာပူအမျိုးသားတက္ကသိုလ် National University ofSingapore (NUS) ၏ ဘွဲ့လွန် အိုင်တီဒီပလိုမာသင်တန်းများကို စင်ကာပူအစိုးရထောက်ပံ့ကြေးဖြင့် လျှောက်ထား၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
ဘွဲ့လွန်အိုင်တီဒီပလိုမာသင်တန်းများကို မြန်မာနိုင်ငံမှ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိထားသူများ (သို့မဟုတ်)ဘွဲ့တစ်ခုရရှိထားပြီးသူများသည် NUS-iSS ၏ Graduate Diploma in Systems Analysis ဘွဲ့လွန်ဒီပလိုမာကို လျှောက်ထား နိုင်ကြောင်း CROWN Education မှ သိရသည်။
အဆိုပါ ဘွဲ့လွန်ဒီပလိုမာဝင်ခွင့်ရရှိသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် (Industrial Attachment) ငါးလအပါအဝင် စုစုပေါင်းသင်တန်းကာလ ၁၃ လ တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းလခများအတွက် စင်ကာပူအစိုးရထောက်ပံ့ကြေးလျှောက်ထား နိုင်သည့်အပြင် ချေးငွေအဖြစ် (Tuition Fee Loan (TFL) Scheme) ၉ဝရာခိုင်နှုန်းအထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း CROWN Education မှ သိရသည်။
အဆိုပါ program ကိုလျှောက်ထားလိုပါက တစ်နှစ်လျှင် February နှင့် August Intake နှစ်ကြိမ်ရှိပြီး ယခုအခါတွင် ၂၀၁၇ ဖေဖော်ဝါရီ ကျောင်းဝင်ခွင့်အတွက် Aptitude Test နှင့် Inter-view ဖြေဆိုရမည်ဖြစ်ကြောင်း CROWN Education မှ သိရသည်။
Comments
Post a Comment