Skip to main content


FutureLearn အြန္လိုင္းသင္တန္းတက္ေရာက္သူ ၁၀,၀၀၀ အား အခမဲ့ေအာင္လက္မွတ္မ်ား ေပးအပ္မည္
ျဗိတိသွ်ေကာင္စီႏွင့္ GREAT Britain Campaign တို႕မွ ယူေက၏ ထိတ္တန္းအြန္လိုင္းသင္ၾကားေရးဝက္ဗ္ဆိုဒ္ ျဖစ္သည့္ FutureLearn ႏွင့္ပူးေပါင္း၍ ၎ဝက္ဗ္ဆိုဒ္တြင္ ယူေကတကၠသိုလ္မ်ားမွ သင္ၾကားပို႕ခ်သည့္ အြန္လိုင္းသင္တန္းမ်ားအား တက္ေရာက္ျပီးစီးသူမ်ားကို ပံုမွန္အားျဖင့္ ေပါင္စတာလင္ ၃၉ မွ ၇၉ (ျမန္မာေငြက်ပ္ ၆၅၀၀၀ မွ ၁၃၀၀၀၀ ခန္႕) က်သင့္မည္ျဖစ္သည့္ ေအာင္လက္မွတ္ (Certificate of Achievement) မ်ားကို အခမဲ့ ေပးအပ္သြားမည္ျဖစ္ပါသည္။
ျဗိတိသွ်ေကာင္စီႏွင့္ GREAT Britain တို႕မွ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေသာ Study UK: Discover You အစီအစဥ္အရ အျဖစ္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံမွ ပထမဆုံး တက္ေရာက္ေအာင္ျမင္ထားသူ အေယာက္ ၁၀,၀၀၀ အား ၎တို႕အား ဂုဏ္ျပဳသည့္အေနျဖင့္ ေအာင္လက္မွတ္မ်ားကို အခမဲ့ ေပးသြားမည္ျဖစ္သည္။
တက္ေရာက္သူမ်ားမွာ ၂၀၁၇ မတ္လ မကုန္ခင္အထိ အြန္လိုင္းသင္တန္းမ်ားကို တက္ေရာက္ရမည္ျဖစ္ျပီး ေအာင္လက္မွတ္ရရွိေစရန္ သက္မွတ္ထားေသာ စံႏွုန္းမ်ားအားလည္း ကိုက္ညီရပါမည္။ စုစုေပါင္း ၁၅၀ ေက်ာ္ရွိသည့္ အမ်ိဳးစံုလင္ေသာ အြန္လိုင္းသင္တန္းမ်ားကို Middlesex University Business School၊ SOAS University of London စသည့္ နာမည္ၾကီးထင္ရွားသည့္တကၠသိုလ္မ်ားမွ ပို႕ခ်ေပးျပီး တက္ေရာက္ႏိုင္သည့္ သင္တန္းမ်ားကို FutureLearn ဝက္ဗ္ဆိုဒ္ရွိ https://goo.gl/idGvSM တြင္ ေလ့လာႏိုင္ပါသည္။
ဤအခမဲ့ေအာင္လက္မွတ္မ်ားကို ရရွိႏိုင္ရန္ တက္ေရာက္သူမ်ားသည္ ေအာက္ပါအခ်က္တို႕ႏွင့္ ကိုက္ညီရပါမည္။
- ၂၀၁၇ မတ္လ ၃၁ ရက္မတိုင္မီ အြန္လိုင္းသင္တန္းမ်ားကို အျပီးတက္ေရာက္ရမည္။
- ယူေက၏ အထက္တန္းပညာေရး အဖြဲ႕အစည္းမ်ား (higher education institutions) မွ သင္ၾကားေပးေသာ သင္တန္းမ်ားသာ ျဖစ္ရမည္ျဖစ္ျပီး တက္ေရာက္ႏိုင္သည့္ သင္တန္းမ်ားကို https://about.futurelearn.com/courses-eligible-study-uk-pro… တြင္ ေလ့လာႏိုင္ပါသည္။
- သင္တန္း၏ ၉၀ ရာခိုင္ႏွုန္းအား ျပီးေျမာက္ရမည္ျဖစ္ျပီး စာေမးပြဲတြင္ အမွတ္ ၇၀ ႏွင့္အထက္ ရရွိရမည္။
- အခမဲ့ေအာင္လက္မွတ္အေရအတြက္ အခု ၁၀,၀၀၀ အထိသာေပးမည္ျဖစ္ပါသည္
သင္တန္းျပီးေျမာက္ေအာင္ျမင္ပါက အြန္လိုင္းမွ ေအာင္လက္မွတ္ကိုခ်က္ျခင္းပရင့္ထုတ္ယူႏိုင္ျပီး စာရြက္ျဖင့္ထုတ္ေပးမည့္ printed version ေအာင္လက္မွတ္ကို စာတိုက္မွပို႕ေပးမည္ျဖစ္ပါသည္။ ပို႕ခကိုပါ ျဗိတိသွ်ေကာင္စီမွက်ခံမည္ျဖစ္ေသာေၾကာင့္ လုံးဝအခမဲ့ျဖစ္ပါသည္။ တက္ေရာက္သူတစ္ဦးလွ်င္ ေအာင္လက္မွတ္တစ္ခုထက္ပို၍ ရယူႏိုင္ေသာ္လည္း မိမိ၏ အျခားမိတ္ေဆြအေပါင္းအသင္းမ်ားအတြက္လည္း အက်ိဳးရွိေစရန္အတြက္ ဤအခြင့္အေရးအေၾကာင္းကို မွ်ေဝေပးရန္ တိုက္တြန္းလိုပါသည္။

Unicode
FutureLearn အွန်လိုင်းသင်တန်းတက်ရောက်သူ ၁၀,၀၀၀ အား အခမဲ့အောင်လက်မှတ်များ ပေးအပ်မည်
ဗြိတိသျှကောင်စီနှင့် GREAT Britain Campaign တို့မှ ယူကေ၏ ထိတ်တန်းအွန်လိုင်းသင်ကြားရေးဝက်ဗ်ဆိုဒ် ဖြစ်သည့် FutureLearn နှင့်ပူးပေါင်း၍ ၎င်းဝက်ဗ်ဆိုဒ်တွင် ယူကေတက္ကသိုလ်များမှ သင်ကြားပို့ချသည့် အွန်လိုင်းသင်တန်းများအား တက်ရောက်ပြီးစီးသူများကို ပုံမှန်အားဖြင့် ပေါင်စတာလင် ၃၉ မှ ၇၉ (မြန်မာငွေကျပ် ၆၅၀၀၀ မှ ၁၃၀၀၀၀ ခန့်) ကျသင့်မည်ဖြစ်သည့် အောင်လက်မှတ် (Certificate of Achievement) များကို အခမဲ့ ပေးအပ်သွားမည်ဖြစ်ပါသည်။
ဗြိတိသျှကောင်စီနှင့် GREAT Britain တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Study UK: Discover You အစီအစဉ်အရ အဖြစ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ပထမဆုံး တက်ရောက်အောင်မြင်ထားသူ အယောက် ၁၀,၀၀၀ အား ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် အောင်လက်မှတ်များကို အခမဲ့ ပေးသွားမည်ဖြစ်သည်။
တက်ရောက်သူများမှာ ၂၀၁၇ မတ်လ မကုန်ခင်အထိ အွန်လိုင်းသင်တန်းများကို တက်ရောက်ရမည်ဖြစ်ပြီး အောင်လက်မှတ်ရရှိစေရန် သက်မှတ်ထားသော စံနှုန်းများအားလည်း ကိုက်ညီရပါမည်။ စုစုပေါင်း ၁၅၀ ကျော်ရှိသည့် အမျိုးစုံလင်သော အွန်လိုင်းသင်တန်းများကို Middlesex University Business School၊ SOAS University of London စသည့် နာမည်ကြီးထင်ရှားသည့်တက္ကသိုလ်များမှ ပို့ချပေးပြီး တက်ရောက်နိုင်သည့် သင်တန်းများကို FutureLearn ဝက်ဗ်ဆိုဒ်ရှိ https://goo.gl/idGvSM တွင် လေ့လာနိုင်ပါသည်။
ဤအခမဲ့အောင်လက်မှတ်များကို ရရှိနိုင်ရန် တက်ရောက်သူများသည် အောက်ပါအချက်တို့နှင့် ကိုက်ညီရပါမည်။
- ၂၀၁၇ မတ်လ ၃၁ ရက်မတိုင်မီ အွန်လိုင်းသင်တန်းများကို အပြီးတက်ရောက်ရမည်။
- ယူကေ၏ အထက်တန်းပညာရေး အဖွဲ့အစည်းများ (higher education institutions) မှ သင်ကြားပေးသော သင်တန်းများသာ ဖြစ်ရမည်ဖြစ်ပြီး တက်ရောက်နိုင်သည့် သင်တန်းများကို https://about.futurelearn.com/courses-eligible-study-uk-pro… တွင် လေ့လာနိုင်ပါသည်။
- သင်တန်း၏ ၉၀ ရာခိုင်နှုန်းအား ပြီးမြောက်ရမည်ဖြစ်ပြီး စာမေးပွဲတွင် အမှတ် ၇၀ နှင့်အထက် ရရှိရမည်။
- အခမဲ့အောင်လက်မှတ်အရေအတွက် အခု ၁၀,၀၀၀ အထိသာပေးမည်ဖြစ်ပါသည်
သင်တန်းပြီးမြောက်အောင်မြင်ပါက အွန်လိုင်းမှ အောင်လက်မှတ်ကိုချက်ခြင်းပရင့်ထုတ်ယူနိုင်ပြီး စာရွက်ဖြင့်ထုတ်ပေးမည့် printed version အောင်လက်မှတ်ကို စာတိုက်မှပို့ပေးမည်ဖြစ်ပါသည်။ ပို့ခကိုပါ ဗြိတိသျှကောင်စီမှကျခံမည်ဖြစ်သောကြောင့် လုံးဝအခမဲ့ဖြစ်ပါသည်။ တက်ရောက်သူတစ်ဦးလျှင် အောင်လက်မှတ်တစ်ခုထက်ပို၍ ရယူနိုင်သော်လည်း မိမိ၏ အခြားမိတ်ဆွေအပေါင်းအသင်းများအတွက်လည်း အကျိုးရှိစေရန်အတွက် ဤအခွင့်အရေးအကြောင်းကို မျှဝေပေးရန် တိုက်တွန်းလိုပါသည်။
Re: British Council Myanmar
Credit to British Council Myanmar and Future Learn


Comments

Popular posts from this blog

ဘယ်တော့မှ မမေ့ဘူး Lyrics။ Kyaw Hein

  ကျွန်တော် လက်ရှိ တီးခက်နေတဲ့ သီချင်းပါ။ စိတ်အပန်းပြေပါတယ်။ ကြုံကြိုက်သည့်အခါ အတူ တွဲဖက်တီးခက်ဖို့ ဖိတ်ခေါ်ပါတယ်။  

စလင်း (Crystal or Quartz)

စလင်း (Crystal or Quartz)        ထိုစလင်းကျောက်မျိုးမှာ အဖြူရောင်ရှိသော စလင်း နှင့် အခြားစလင်း အမျိုးမျိုး ရှိလေသည်။ ယင်းတို့မှာ စလင်းညို (Smoky Quartz)၊ စလင်းစိမ်း (Aquamarine)၊ စလင်းဝါ (Citrine)၊ စလင်းစွဲ (Amethst) မရန်းစေ့ရောင် ရှိသည်။ စလင်းနီ (Rose Quartz) စသည့်ဖြင့် အရောင်မျိုးစုံ ရှိသည်။ စလင်းအဖြူနှင့် အညိုကို မျက်မှန် အတွက် အသုံးပြုကြသည်။ စခန်းကြီးမှထွက်သော စလင်းတုံးကြီးများမှာ လူနှစ်ရပ်စာခန့် မြင့်မား၍ ရှန်ဟဲ မှ တရုတ်များပင် လာရောက် ဝယ်ယူပြီး အလှအပထားရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်ကြလေသည်။ စလင်းစိမ်း (Aquamarine) စလင်းညို (Smoky Quartz) စလင်းနီ (Rose Quartz) စလင်းစွဲ (Amethst) မရန်းစေ့ရောင် စလင်းဝါ (Citrine)

ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်)

 ကျေးဇူးတင်လွှာ (ရန်ကုန်တက္ကသိုလ်) ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် နှင့်တကွ ဘူမိဗေဒ ဌာနမှူး ဆရာကြီး ဒေါက်တာ ဒေဝအောင် 2019-2020 ပညာသင်နှစ် သင်တန်းကာလ အတွင်း စေတနာ အပြည့်ဖြင့်သင်ကြားပြသပေးခဲ့သည့်ဆရာကြီးဦးအုန်းသွင် (ခြေထောက်  မကောင်းသည့်ကြားက မိုးကုတ် ဒေသရှိ တောာင်ပေါ်/အောက်/မိုင်းတွင်း သို့ ပို့ဆောင်ခြင်း)၊ဦးလှကြည်(သိပ္ပံပညာထူးချွန်ဆု၊ အချိန်ပိုင်းပါမောက္ခ) ဆရာကြီး ဦးမောင်ကို၊ ဆရာမကြီး ဒေါက်တာဒေါ်စုစုလှိုင် (Lab အခန်းအတွင်း ကျောက်အမျိုးမျိုး များအား ကျွမ်းကျင် ကိုင်တွယ် ခွဲခြားတက်စေရန် အချိန်ပြည့် လေ့ကျင့်ပေးခဲ့ခြင်း)၊ ဦးသန်းဝင်း၊ ဘွဲ့လွန် သင်တန်း အတွက် အလှည့် ကျတာဝန်ယူ သင်ကြားပေးခဲ့သည့်ဆရာ၊ ဆရာမ အားလုံးနှင့်တကွ၊ အတန်းဖော် သင်တန်းသား ညီအစ်ကို မောင်နှ မ အပေါင်း အားလုံး၊ သင်တန်းနှင့် ကွင်းဆင်းလေ့လာရေးခရီးစဉ်ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီ ပံ့ပိုးပေးခဲ့သည့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ (၁၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင် ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့ အဖွဲ့ဝင် အားလုံး တစ်ယောက်စီတိုင်းကို အထူး လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။ မှတ်